ထားဝယ်မြို့ပြည်သူ့ ဆေးရုံကြီး၌ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိ

 

ထားဝယ်မြို့ပြည်သူ့ ဆေးရုံကြီး၌ မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိ

 

ထားဝယ်  ဇန်နဝါရီ  ၈

    ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် မျက်စိအထူးကုဆေးရုံကြီး  ရန်ကုန်မြို့မှ မျက်စိအထူးကုဆေး အဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများ ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင်များအား ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အထိ အခမဲ့  စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ရဟန်း ရှင်လူ ပြည်သူ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိရောဂါ စမ်းသပ်စက်တို့ဖြင့်  မျက်စိအထူးကုဆေးအဖွဲ့၊ မျက်စိ ဆရာဝန်ကြီးများက အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်းနှင့်  ရေချိန်တိုင်းခြင်း စသည့်  စမ်းသပ် စစ်ဆေးပေးခြင်းများကို    ဆောင်ရွက်ပေးလျက်ရှိသည်။

ဇန်နဝါရီလ ၁ ရက်မှ ၈ ရက်အထိ  မျက်စိရောဂါ ဝေဒနာရှင် စုစုပေါင်း ၄၄၁ ဦး၊ ခွဲစိတ် လူနာ ၇၅ ဦး၊ လေဆာဖြင့် ကုသသူသုံးဦးကို မျက်စိကျန်းမာရေး   စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး  Intra Ocular  Lens  (IOL) မျက်စိအတွင်းထည့်   မှန်ဘီလူး  ၇၅ ခု အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း   သိရသည်။