နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၁၀
    မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာ အထူးစီးပွား ရေး ဇုန် ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြား သည်။
    အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီး ချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက် (၃)ရပ် အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော် ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ဦးတည် ချက်ချမှတ်ထားပါကြောင်း၊ အဆိုပါဦးတည်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အထူးစီးပွားရေးဇုန်အလိုက် SOP များကို စနစ်တကျရေးဆွဲပြီး လက်တွေ့ကျကျ လုပ်ကိုင်နိုင်ရန် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ၂၀၁၄ ကို ထုတ်ပြန်ပြီး One Stop Service များနှင့် စီမံဆောင်ရွက်ရန် ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် ဇုန်များတွင် ရှိပြီးသားဖြစ်သည့် ရင်းနှီးမြှုပ်နှံ မှုများကို လျော့ကျမသွားအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူ တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင် ရောက်လာနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်စီးပွားရေးကို  တစ်ဖက်တစ်လမ်းမှများစွာ အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊  MSME လုပ်ငန်းများကလည်း ယင်းနှင့်ဆက် နွှယ် ပြီးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ အထူးစီးပွား ရေးဇုန်များ ကို ယခုထက်ပိုမိုကောင်းမွန်အောင် ဦးဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာစီမံ ခန့်ခွဲရေးကော်မတီများအလိုက် ဖွဲ့စည်းပေးထားသည်များ ရှိပါကြောင်း၊ ယင်း အပေါ်တွင်လည်း စီမံခန့်ခွဲရေးကော်မတီများက မိမိတို့ဇုန်အလိုက် အထူး စီးပွားရေးဇုန်များ  အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ယခုထက်ပို၍ ထိထိရောက်ရောက် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများနှင့် အသစ်ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမသွား အောင် နည်းမျိုးစုံဖြင့် ထိန်းသိမ်းပြီး တိကျသေချာ စနစ်ကျသည့် လုပ်ငန်း အဖြစ် ယင်းတွင်ရှိသည့် လုပ်ငန်းများကို One Stop Service ဆောင်ရွက်ပေး မှုအပေါ်မူတည်၍ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် စီးပွားရေးဇုန် ၃ ခု အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အထူးစီးပွားရေးဇုန် သုံးခု အနက် သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်စွာဖြင့် ချီတက်နေပါ ကြောင်း၊ အောင်မြင်စွာ ချီတက်နေသည့် နေရာတွင်လည်း မိမိနိုင်ငံအတွင်း တွင်ရှိသည့် အနေအထားကို ပြောရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပါ က မိမိတို့အထူးစီးပွားရေးဇုန်များ၏ အရေအတွက်မှာ အင်မတန် နည်းနေပါ ကြောင်း၊ ယင်းကိစ္စကိုလည်း ကော်မတီအဖွဲ့ဝင်များအားလုံးက မှတ်သား ထားပြီး ယခုထက်အထူးစီးပွားရေးဇုန်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်  နှစ်ခုကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အ နေဖြင့် လုပ်ငန်းများကို မြန်မာနိုင်ငံ၏ အတိုင်းအတာအရ ဆောင်ရွက်နိုင် သည့်အတွက် အောင်မြင့်သင့်သမျှ အောင်မြင်ပါကြောင်း၊ အထူးစီးပွားရေးဇုန် အတွင်း လုပ်ငန်းများ ဆောင်ရွက်မှုအစီအစဉ် စနစ်ကျနမှု၊ ဝန်ထမ်းများ၏ One Stop Service အရည်အသွေး ကောင်းမွန်မှုနှင့် တာဝန်ကျေမွန်စွာ ထမ်းဆောင် မှု တို့ကြောင့် အရှေ့တောင်အာရှအတွင်း နာမည်ရသည့် အထူး စီးပွားရေးဇုန် တစ်ခုဖြစ် ပါကြောင်း။ 
ယင်းစီးပွားရေးဇုန်ကိုလည်း လက်ရှိရင်းနှီးမြှုပ်နှံမှု ရှိပြီးသားထဲမှ လျော့ကျ မသွားအောင် ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး တက်အောင် ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊ ဖိတ်ခေါ်ရာတွင်လည်း တစ်ဖက်မှာ ရှိသည့် အောင်မြင်မှုအတိုင်းအတာအပေါ်မူတည်၍ အောင်မြင်မှု ရှိပြီး လုပ်သာ ကိုင်သာရှိမှသာ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ရှိမည် ဖြစ် ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ရင်းနှီး မြှုပ်နှံမှု နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိပါကြောင်း၊ ယင်းကုမ္ပဏီများ၏ ပထမတစ်နှစ်တာ အလုပ်အကိုင်ဖန်တီးနိုင်မှု ခန့်မှန်းခြေ အလုပ်သမားဦးရေ ၃၇၀၀၀ ကျော်နှင့် ပြည်ပပညာရှင်၊ ပြည်ပအလုပ်သမား ၈၈၇ ဦး ဖြစ်ပါ ကြောင်း၊ သို့သော်လည်း အလုပ်အကိုင်ဖန်တီးနိုင်မှု အရေအတွက် နည်းနေ ပါကြောင်း၊ တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံတိုး ပွားလာမှု အပေါ်မူတည်ပြီး ပညာရှင်များနှင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေး ပိုမိုရရှိလာမည်ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်၊ သွင်းကုန် ကို ကြည့်ပါက နိုဝင်ဘာ လအတွင်း ပြည်ပသို့တင်ပို့သည့် ကုန်စည်အမျိုးအစားများသည် အဝတ်အထည်၊ ဆော်လမွန်ငါး၊ သန့်စင်ပြီးသတ္ထုပစ္စည်းများ၊ ပလက်စတစ်ကုန်ချောစစ်ပစ္စည်း နှင့်မော်တော်ယဉ်အပိုပစ္စည်း ၅ မျိုးတို့ဖြစ်ကြောင်း၊ သွင်းသည့် ကုန်စည် များသည် ပြည်တွင်းတွင်သုံးသည့် လယ်ထွန်စက် အပိုကုန်ပစ္စည်းများ၊ အခြားကုန်ကြမ်းပစ္စည်းများ၊ အဝတ်အထည်ချုပ်ကုန်ပစ္စည်းများ၊ အလူမီနီယံ ကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်ပစ္စည်းဖြစ်သည်ကို တွေ့ရကြောင်း၊ ယင်းထဲတွင် ဗဟိုကော်မတီမှလမ်းညွှန်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန် ကိုလည်း ပြည်တွင်းမှာရှိသည့် MSME လုပ်ငန်းများက ပေါင်းစပ်ပြီး ထုတ်ကုန် များကို ပြည်ပသို့တင်သွင်းရာတွင်  နိုဝင်ဘာလအတွင်းတွင် MSME လုပ်ငန်း များ၏ ကုန်ကြမ်းပစ္စည်းနှင့် ပြည်တွင်းထုတ်ကုန်များ၏ အခြားသောပစ္စည်း များ တင်သွင်းမှုသည် မြန်မာကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော် တင်ပို့နိုင် ခဲ့ပါကြောင်း၊ယင်းသည် ခြေလှမ်းအစဖြစ်ပြီး ယခုထက်ပို၍ MSME လုပ်ငန်းက ထွက် ရှိသည့် ပြည်တွင်း ထုတ်ကုန် ကုန်ကြမ်းများ နှင့် အခြားသောပစ္စည်း များကို ယခုထက် တင်ပို့နိုင်ရန်နှင့် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေရရှိရန် မိမိတို့၏ ထုတ်ကုန်အရည်အသွေး ပိုမိုပြီးကောင်အောင် ဆက်လက်လုပ် ဆောင်သွား ကြရမည်ဖြစ်ကြောင်း။ 
ဇုန်အလိုက် ကြည့်မည်ဆိုပါက Free Zone တွင် နိုဝင်ဘာလအထိ ကုမ္ပဏီ ၂၅ ရှိပြီး  Promotion Zone တွင် ကုမ္ပဏီ ၃၈ ခု ရှိပါကြောင်း၊ ယင်းတို့မှ တင်သွင်းသည့်တန်ဖိုးပမာဏမှာ ကျပ်သန်းပေါင်း ၈၉  ဘီလီယံ ကျော်ရှိပြီး အကောက်အခွန်ရရှိသည့် ငွေမှာလည်း ၆၀၆ သန်းကျော်၊ ကုန်သွယ်လုပ်ငန်း အခွန်ဝင်ငွေမှာ ၁ ဒသမ ၈ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန်က ကျပ်သန်းပေါင်း ၇၅၇ သန်း ရှိပါကြောင်း၊ အားလုံးကို ခြုံကြည့်ပါက နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြစ်ပြီး သွင်းကုန်ပ မာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၆၇ သန်းဖြစ်သည့်အတွက် ကုန်သွယ်မှု ပမာဏ နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅၁၇ သန်း ဖြစ်ပါကြောင်း၊ ယင်းကို ကြည့်ပါက ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာဟ ချက်များနေသည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် Promotion Zone တွင် ရှိ နေသည့် ကုမ္ပဏီများသည် ၂၀၁၄ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ပါဝင်သည်များနှင့် မလွတ်အောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပါက အတက်နိုင်ဆုံး ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကို လျော့နည်းသွားအောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
လျှပ်စစ်ကိစ္စနှင့် ပတ်သက်၍ ဆိုလာစနစ်ဖြင့် အသုံးပြုရန် ကုမ္ပဏီသုံးခု ဆွေးနွေးခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့  ဆိုလာနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့သည်ကို သိရှိရကြောင်း၊  Solar Powerနှင့် Solar Plant တို့မှ လျှပ်စစ်ဓာတ်အား ရရှိပါကလည်း ဇုန်အတွင်းမူလသုံးစွဲရမည့် လျှပ်စစ် ဓာတ်အားကို အခြား လိုအပ်သည့်နေရာတွင် သုံးစွဲနိုင်မည် ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေး ဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးအတွက် ဝိုင်းဝန်း အားပေး ဆောင်ရွက်ပေးကြရန် လိုကြောင်း။
ဆက်လက်၍ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၁ ခုနှစ် မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် အချိန်တွင် စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ဖွဲ့စည်းပြီးသည့် အခါတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်များ ဖြစ်အောင်၊ မဖြစ်သင့်မဖြစ်ထိုက်သည်များ မဖြစ်အောင် ၊ နိုင်ငံအတွက် နစ်နာမှု မရှိအောင် ရည်ရွယ်ပြီး စိစစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ညှိနှိုင်းမည့် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အကျိုးစီးပွား ကို အဓိကထားပြီး တင်းကြပ်စွာ ညှိနှိုင်းဆောင်ရွက်သည့်အတွက် မကြာသင့် သည့် အချိန်နှင့် အဆင်မပြေမှုများကြောင့် နှစ်နှစ်တာကာလအတွင်း အခက် အခဲများ တွေ့ကြုံခဲ့ရပါကြောင်း၊  ထို့ကြောင့် နောက်ပိုင်းတွင် ဗဟိုကော်မတီ အဆင့်က ဝိုင်းဝန်းဆွေးနွေးပြီး နှစ်ဖက် Win-Win Solution ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကာ နိုင်ငံတော်အကြီးအကဲကိုလည်း တင်ပြခဲ့ပြီးနောက်  လုပ်ငန်းကော်မတီ ဦးဆောင်၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း Long Stop Date  ဒီဇင်ဘာ ၂၆ ရက်မှစ၍ ၁၈ လတာကာလ ထပ်မံသက်တမ်းတိုးခဲ့ရာ အဆိုပါကာလအတွင်း လုပ်ဆောင်ရမည့် Condition Precedent များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်မည် ဆိုပါက အမြန်ဆုံး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သား များ ပေါ်ထွက်လာကာ ကျန်စီးပွားရေးဇုန်များကို အထောက်အကူပြုနိုင် မည်ဖြစ် ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ သတ်မှတ် ထားသည့် ကာလအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ညှိနှိုင်းမှုများကို နှိုးဆော် တာဝန်ယူပေးသည့် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့်  ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြ သည့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုပမ်းဆောင် ရွက်မှုများကို အသိအမှတ်ပြု ပါကြောင်း၊ ထိုသို့ အောင်မြင်အောင် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ ဗဟိုကော်မတီ၏ အောင်မြင်မှုတစ်ခုပင် ဖြစ်ကြောင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အမြန်ဆုံး စတင်လုပ်ငန်းလည် ပတ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍  နှစ်နိုင်ငံစီး ပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုသည့် စီမံကိန်း တစ် ခုဖြစ်ပါကြောင်း။
တတိယစီမံကိန်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်ပြီး ၂၀၀၈ ခုကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်း ကုမ္ပဏီက ရှေ့ဆက် မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖြေရှင်းဆောင် ရွက်ရမည့် အနေအထားများလည်း ရှိပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလည်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်နိုင်ငံ အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရပါကြောင်း၊ လက်ရှိထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင် စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိသည့်အတွက် ယင်းအ ပေါ်တွင် မိမိတို့အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း။
ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ် တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပြီး အရှေ့စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆပါ ကြောင်း၊ တစ်ဖက်တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော် မတီအနေဖြင့် ရင်းနှီးတည်ဆောက်သူအသစ် ရွေးချယ်၍ ကုန်ကျစရိတ် များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေး ကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့ အစည်း အဝေးတွင် ခြောက်လတာကာလအတွင်း ရှေ့ဆက် ဆောင်ရွက်သွား မည့်ဇုန်အလိုက် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာစီမံခန့် ခွဲမှု ကော်မတီများက ပွင့်ပွင့်လင်း တင်ပြပြီး ဗဟိုကော်မတီဝင် များကလည်း ဝိုင်းဝန်အကြုံပြု ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဝန်ကြီး ဦးမင်းမင်း က မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့(၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ်ဆောင်ရွက်ထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
    ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေး မှူး(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်းရေးမှူး (၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်အုံတို့က မြန်မာအထူးစီးပွားရေး ဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်း ရေးမှူးနှင့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟို အဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြကြပြီး အတည်ပြု ချက်ရယူကြသည်။
    ထို့နောက်  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
    ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေး မှူး က မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) အစည်း အဝေးဆုံး ဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။  
    ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေး တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။