(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)ဘွဲ့ကြို သင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)ဘွဲ့ကြို သင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန  သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း) ဘွဲ့ကြိုသင်တန်းပေါင်းစုံ အားကစား ပြိုင်ပွဲများကို ဇန်နဝါရီလ ၃ ရက်မှ စတင် ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲများတွင် ဖူဆယ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ Scrabble  ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ E. Sport ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမနှစ်မှ ပဉ္စမနှစ်အထိ ဘွဲ့ကြိုသင်တန်း အားလုံးပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်းနှင့် ဖူဆယ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ Scrabble ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ E. Sport  ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

ပြိုင်ပွဲများကို ဇန်နဝါရီလ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ဆုများ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။