ဖြစ်လာနိုင်သော ရုရှား- NATOစစ်ပွဲအတွက် ဂျာမနီပြင်ဆင်နေဟုဆို

 

ဖြစ်လာနိုင်သော ရုရှား- NATOစစ်ပွဲအတွက် ဂျာမနီပြင်ဆင်နေဟုဆို

 

    ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကို အောင်နိုင်ပြီးနောက် ၂၀၂၅ ခုနှစ်တွင် NATO တပ်ဖွဲ့အပေါ် စစ်ဆင်နွှဲလာနိုင်ကြောင်းနှင့် အဆိုပါဖြစ်လာနိုင်သော ရုရှား- NATO  စစ်ပွဲအတွက် ဂျာမနီနိုင်ငံက ကြိုတင်ပြင်ဆင်နေကြောင်း Bild  သတင်းစာက ဖော်ပြထားသည်။

ရုရှားနိုင်ငံကမူ အမေရိကန်ဦးဆောင်သော စစ်ရေးအုပ်စုကို တိုက်ခိုက်မှုများ ပြုလုပ်ရန်   မည်သည့်အစီအစဉ်မျှ မရှိကြောင်း အကြိမ်ကြိမ်ပြောထားသည်။

Bild သတင်းစာက ဂျာမနီကာကွယ်ရေး ဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက်စာတမ်းများကို ကြည့်ကာ ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။ ရုရှား- NATO စစ်ပွဲအတွက် အစပျိုးမှုသည် ရုရှားက နောက်ထပ်စစ်သည်အင်အား နှစ်သိန်း စုဆောင်းမှု စတင်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်မည် ဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။

သို့သော် ရုရှားနိုင်ငံအနေဖြင့် ထိုသို့လုပ်ရန် မလိုကြောင်းနှင့် မိမိဆန္ဒအလျောက် စစ်ထဲဝင်မည့်သူ မြောက်မြားစွာရှိကြောင်း အခိုင်အမာပြောသည်။

ယူကရိန်းအနေဖြင့် အနောက်အုပ်စု၏ ထောက်ပံ့မှု အပြည့်အဝကို  မရတော့သည့်အတွက် ရုရှားကို ရှုံးနိမ့်ပြီးနောက် ယင်းနောက်ပိုင်းတွင် ရုရှားက အင်အားပြင်းထန်သည့် တိုက်စစ်ဖွင့်မှုကို လုပ်ဆောင်လာနိုင်ကြောင်း ဂျာမနီကာကွယ်ရေး ဝန်ကြီးဌာန၏ စာတွင်ရေးထားသည်။