၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံဆွေးနွေး

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တွေ့ဆုံဆွေးနွေး

 

ရန်ကုန် ဇန်နဝါရီ ၁၆

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌   ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့ မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်   ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း၊ အခမ်းအနား ကျင်းပရေးအတွက် ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ အခမ်းအနား ကျင်းပရေး၊ ဆုချီးမြှင့်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စများကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာမည့် သက်ကြီးအနုပညာရှင်ကြီး များ၏ ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများကိုလည်း   ညှိနှိုင်းဆောင်ရွက် ပေးရမည်ဖြစ် ကြောင်း၊ ဆပ်ကော်မတီအလိုက် ရေးဆွဲထားသည့်  စီမံချက်ပါ အချိန်ဇယားအတိုင်း လုပ်ငန်းများပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့် နှင့် တက်ရောက်လာကြသူများက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။