ပြည်နယ်ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရ

 

ပြည်နယ်ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရ

 

    ၂၀၂၄  ခုနှစ်  အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြည်နယ်အဆင့် ပါတီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန် ပါတီမှ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်ဖြင့် အနိုင်ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်တွင် အိုင်အိုဝါ ပြည်နယ်၌ ကျင်းပသော ထိုပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွင် မဲအရေအတွက် ၉၅ ရာခိုင်နှုန်းကို ရေတွက်ပြီးနောက် ဒေါ်နယ်ထရမ့်က ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်း၏ပါတီတွင်း ပြိုင်ဘက်များဖြစ်သည့် ရွန်ဒီဆန်တစ်နှင့် နစ်ကီဟာလေးတို့ကမူ ၂၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၁၉ ဒသမ ၁ ရာခိုင်နှုန်းသာ အသီးသီး ရရှိထားသည်။

အိုင်အိုဝါပြည်နယ်သည် ရီပတ်ဘလစ်ကန်ပါတီ၏ အဓိက အမာခံပြည်နယ်အဖြစ် ၁၉၇၂ ခုနှစ်ကတည်းက ရပ်တည်လာခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ  ပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲကို အစောဆုံး ကျင်းပသည့် ပြည်နယ်လည်း ဖြစ်သည်။

အိုင်အိုဝါပြည်နယ်မှ ထွက်ပေါ်လာသော ပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ ရလဒ်သည် အခြားပြည်နယ်များ၏ ရလဒ်များအပေါ်လည်း  ခြယ်လှယ်နိုင်စွမ်း ရှိကြောင်း သိရသည်။