တာမွေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ

 

တာမွေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး   သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံ ပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးစုံညီ ပွဲတော်နှင့် ကာယ၊  ဉာဏဆုပေးပွဲ၊  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်က အဆိုပါ ကျောင်းရှိ ရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူ များက မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် အမှတ်(၁၀) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ဆွေက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  ဧည့်သည်တော်တစ်ဦးက အမှာစကားပြောကြားပြီး  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က ပညာရည်ချွန်ဆု၊ ပညာ ရေးစွမ်းဆောင်ဆုနှင့် ရုံးလုပ်ငန်းစွမ်းဆောင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများကို တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ပြုလုပ်ခဲ့သော ကျောင်းတွင်းကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိခဲ့ ကြသူများ၊ လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးခဲ့ကြသူများ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ၌    ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် အားကစားပြိုင်ပွဲများ၌     ထူးချွန်ဆုရရှိခဲ့ကြသူများကို     တာဝန်ရှိသူများက ဆုများ   အသီးသီးပေးအပ် ချီးမြှင့်ကြပြီး အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းဖြင့်    ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။