ကနေဒါက အိန္ဒိယကျောင်းသား ခေါ်ယူမှု အရေအတွက်ကို သိသိသာသာ လျှော့ချ

 

ကနေဒါက အိန္ဒိယကျောင်းသား ခေါ်ယူမှု အရေအတွက်ကို သိသိသာသာ လျှော့ချ

 

    ကနေဒါနိုင်ငံက ၎င်းတို့နိုင်ငံရှိ ကျောင်းများတွင် ပညာသင်ယူနိုင်မည့် အိန္ဒိယကျောင်းသား အရေအတွက်ကို စက်တင်ဘာလမှစ၍  သိသိသာသာ လျှော့ချခေါ်ယူခဲ့ကြောင်း သိရသည်။

စတုတ္ထသုံးလပတ်အတွင်း  ကနေဒါနိုင်ငံက ခေါ်ယူသည့် အိန္ဒိယကျောင်းသား အရေအတွက်မှာ တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၈၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

အရေအတွက်အားဖြင့်   ယခင်က ကျောင်းသားအယောက် တစ်သိန်းကျော် ခေါ်ယူနေရာမှ   ယခုအခါ အယောက် ၁၄၉၁၀ သာ ခေါ်ယူတော့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံက ကျောင်းသားလျှောက်လွှာများနှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကနေဒါသံတမန် ၄၁ ဦးကို နှင်ထုတ်ပြီးနောက် ယခုကဲ့သို့ကျောင်းသား အရေအတွက် လျော့နည်းလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ ဆစ်ဘာသာဝင် တက်ကြွလှုပ်ရှားသူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာမှုများကြောင့် ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက လုပ်ကြံသတ်ဖြတ်သူသည် အိန္ဒိယအစိုးရနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲစဉ် ထိုစွပ်စွဲမှုသည် အဓိပ္ပာယ်မရှိကြောင်း အိန္ဒိယနိုင်ငံက တုံ့ပြန်ထားသည်။