ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၈

               ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံပညာကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

               ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့ရှိ အမှတ်(၅)အခြေခံ ပညာကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူများက “စုံညီပွဲ တော်ဒို့နွှဲပျော်” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပညာရေး စုံညီပွဲတော်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

               ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတန်းစဉ်ဆုရရှိသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြင့်သည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား/ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

               အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

               ဦးစွာ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော်အား ဖွင့်လှစ်ကြပြီး ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။  ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူများ၏ သီဆို ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် အလှူရှင်များက ကျောင်းဘက်စုံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး သင်ထောက်ကူပစ္စည်းပြခန်းနှင့် အိမ်တွင်းမှု/စိုက်ပျိုးရေး ပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။