မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

 

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၈

    နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး    H.E. Mr. Gustavo Rocha de Menezes  အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာ-ဘရာဇီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော လေကြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊   ကျန်းမာရေး၊  အားကစားနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်  

ကိစ္စရပ်များ၊    မြန်မာ-ဘရာဇီးနှစ်နိုင်ငံအကြား နိုင်ငံရေးရာ ဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့်  စပ်လျဉ်း၍    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။