​​​​​​​စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ထားခဲ့ သည့် ပြည်သူ ၄ ဦး အလောင်းတွေ့ရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ထားခဲ့ သည့် ပြည်သူ ၄ ဦး အလောင်းတွေ့ရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၉ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်သတ်ထားခဲ့သည့် ပြည်သူ ၄ ဦး အလောင်းကို ယနေ့နံနက်ပိုင်း က တွေ့ရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဒီပဲယင်းမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ၎င်းကျေးရွာကို သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်း စေရန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုပ်ကြံ ရေးသားပြီး ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် လှုံဆော်ဝါဒဖြန့်နေခြင်း  သာဖြစ်ကြောင်း သတင်းရရှိပါသည်။