ကရင်ပြည်နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ကရင်ပြည်နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ - ၁၉

ကရင်ပြည်နယ်၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ၄၃ ဦး၊ အုပ်ချုပ်သူ ၅ ဦး စုစုပေါင်း ၄၈ ဦး တို့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါ ပက အဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိ ယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကိုပြသသည်။

ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြား ကြသည်။ ယင်းနောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည် ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေး မြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသ ထားမှု၊   မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုသူများစကားသံ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားပြည်နယ်တိုင်း ဒေသကြီး အသီး သီးမှ ယုရားဖူး ဂေါပကအဖွဲ့များအား လာရောက်လျှက်ရှိရာယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်းရှိ ဘုရားစေတီများမှဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များလာရောက်ဖူးမြော်ကြည်ညိုကြရာအဆိုပါ ဂေါပကအဖွဲ့များ၏ စကားသံများအားဖော်ပြလိုက်ရပါသည်။

ဦးအောင်သူဝင်း ဒုတိယညွန့်ကြားရေးမှူး ကရင်ပြည်နယ်သာသနာရေး

          ကရင်ပြည်နယ်မှ ဂေါပကအဖွဲ့တွေကို စုစည်းပြီး မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော် ဖို့အတွက်ဂေါပကအဖွဲ့ စုစုပေါင်း ၄၈ဦးကို ဦးဆောင်ပြီး ကရင်ပြည်နယ်မှ လာရောက်ခဲ့တာပါ၊ အခု လို့လာရောက်ရတာကတော့ အမျိုးသားရေးစိတ်ဓာက်ပိုမိုနိးကြားတက်ကြွစေရန် ၊လက်မူ လက်ရာ တွေဖြစ်တဲ့ မြန်မာယဉ်ကျေးမူလက်ရာတွေကို လေ့လာနိုင်စေရန်ရည်ရွယ်ပြီးလာရောက်ခဲ့တာပါ၊ ကျွန်တော်အနေနဲ့ကတော့ ဒါပထမဆုံးလာရောက်ဖူးမျော့်ရတာပါ၊အချိန်တိုအတွင်းမှာ စကျင် ကျောက်တုံးကြီးကို ကမ္ယာ့အကြီးမာဆုံး ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ကြီးကို ခေတ်မှိ နည်းပညာတွေနဲ့ ရှေမူမပျက် ထုဆစ်ပုံဖော်ထားတာတွေ့ရတော့ သာသနာအတွက် ဂုဏ်ယူမိတဲ့ အပြင်ဆောင်ရွက်လုပ်ဆောင်နိုင်အောင်လမ်းညွန့်စိစဉ်ဆောင်ရွက်ပေးသူတွေအားလုံးကိုလည်းလေးစားမိပါတယ်၊အခုလိုခရီးစဉ်ကိုမကြာခဏဆိုသလို့ စိစဉ်ဆောင်ရွက်ပေးနိုင်ရင် ကောင်းပါတယ်၊ အခုဆိုရင်ဖြင့် ဂေါပကတွေက အကုန်နီးပါး အသက် ၇၀ကျော်တွေကများပါတယ်၊ ဒိကိုရောက်ရှိဖို့ ဆိုတာကလည်း တစ်ခါမှ မစဉ်စားမိခဲ့ပါဘူး၊အားလုံးကကြည့်နူးဝမ်းသာမိကြပါတယ်၊စီစဉ်ဆောင် ရွက်ပေးသူတွေကိုလည်း သူတို့ကိုယ်စားအများကြီး ကျေးဇူးတင်ပါကြောင်းပြောလိုပါတယ်၊

ဦးရဲထွန်း ရွှေမြင်းဝန်စေတီ ဂေါပက အတွင်းရေးမှူး

          မာရဝိဇယဘုရားကြီးကို လာရောက်ဖူးချင်နေတာကြာပါပြီ TV မှာတော့တွေ့မြင်ခဲ့ရပါတယ်၊ ကိုယ်တိုင်ရောက်ရှိတော့မှပဲဒီလောက်ထိအောင်အမျိုးဘာသာ သာသနာအတွက် ကြီးကျယ်ခမ်းနား စွာ တည်ဆောက်ထားတာတွေရတော့ ဝမ်းသာပိတိဖြစ်ရပါတယ်၊ဒိနေရာကိုရောက်ရှိဖို့အတွက် ဆောင်ရွက်ပေးတဲ့ မြဝတီမြို့နယ် အကြီးအကဲများနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူး တင်ပါတယ်အခုလက်တွေ့၊တကယ်မှာတော့TV မှာကြည်ရတာထက် အဆပေါင်းများစွာ တည် ဆောက်မူ၊ ခမ်းနားမူ၊ တင်တယ်မူ၊ အနုပညာလက်ရာကောင်းမူတွေကို မြတ်ဝါးထင်ထင် တွေ့ မြင်ရတဲ့အတွက် ကျွန်တော် သက်တန်းမှာဆိုရင်တော့ ဒါမျိူးမကြုံဘူးခဲ့ပါဘူး၊ကမ္ဘာကတောင် အသိ မှတ်ပြုပြီးအမျိုးဘာသာ သာသာနာအတွက် ဂုဏ်ယူလောက်အောင်ဖြစ်မိတဲ့အပြင် အခုပြောရင်းနဲ့ပင် ဝမ်းသာ ဂုဏ်ယူ ပီတိဖြစ်မိပါတယ်၊

ဦးစောအုန်းတင် စေတီသုံးဆူးညီနောင် ဂေါပကအတွင်းရေးမှူး

          စေတီသုံးဆူးညီနောင်ကတော့ ရှေဟောင်းသမိုင်းဝင် စေတီတော်တွေဖြစ်တဲ့အတွက် ခေတ် အဆက်ဆက်က ဆရာတော်ကြီးတွေ ဂေါပကအဖွဲ့တွေကနေ ထိမ်းသိမ်းခဲ့တာပါ၊အခုဆို မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော်လေ့လာရတဲ့အတွက် ခေတ်မီနည်းပညာတွေနဲ့တည်ဆောက်မူ လုပ်ငန်း၊ထိန်းသိမ်းဆောင်ရွက်နေမူတွေကိုတွေ့မြင်ရတော့ အတုယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘဣာတော်ထိန်း၊ဂေါပကအဖွဲ့တွေ၊ဂေါပကရုံးတွေ၊စသည်အားဖြင့်စနစ်တကျပြန်လည်ဖွဲ့စည်းပြီးဆောင်ရွက်လုပ်ဆောင်သွားမှာပါ၊လာရောက်ဖူးမြော်ချင်နေတာတော့ကြာပါပြီ၊အခွင့်ရေးလဲမသင့်အကြောင်းလည်းမတိုက်ဆိုင်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ စနစ်တကျ စီစဉ်ဆောင်ရွက်ပေး တဲ့အတွက် ကျေးဇူးတင်မိပါတယ်။

ဦးစောစံတင်  ဂေါပကအဖွဲ့

          နိုင်ငံတော်၏စီမံလမ်းညွန့်မူနှင့် ပြည်နယ်အစိုးရအကြီးအကဲများရဲ့ စီစဉ်ဆောင်ရွက်ပေးမူနဲ့ မာရဝိဇယဘုရားကြီးကိုအခုလိုလာရောက်မြော်ခွင့်ရတဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်၊ လာ ရောက်ရမယ်လိုလဲမျော့်လင့်မထားခဲ့ပါဘူး ၊လာရောက်ဖူးမြော်ခွင့်ရအောင်စီစဉ် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်မိပါတယ်၊အခုဆို မာရဝိဇယဘုရားကြီးက ထုဆစ် ပုံဖော် မူ အနုပညာလက်ရာ၊ရှေမူမပျက်တည်ဆောက်ထားမူတွေကတော့ အခုခေတ်နှင့်ရှေးမူမပျက် ပေါင်းစပ် ပုံဖော်မူတွေကဖြင့် ကမ္ယာ့ကပင်အတုယူလေးစားလောက်တဲ့ လက်ရာတွေပါ၊ဒါကလည်း အများအားနဲ့စုပေါင်းလှူဒါန်းပင်မဲ့လည်း နိုင်ငံတော်ရဲ့စီမံဆောင်ရွက်မူတွေက အဓိကကျလှပါတယ်၊ လေးစားအတု ယူစရာကောင်းလှပါတယ်လို့ပဲပြောချင်ပါတယ်။

ဦးလှကြိုင် ရွှေရင်မျော့်ဘုရား ဂေါပကအတွင်းရေးမှူး

          လာချင်နေတာတော့ကြာပါပြီ ပြည်နယ်အစိုးရရဲ့ စီစဉ်ဆောင်ရွက်ပေးမူကြောင့် ဖူးမြော် ရတာ အများကြီးဝမ်းသာပါတယ်၊အခုလိုလာရောက်ရတဲ့အတွက် ဘုရားလည်းဖူး အတုယူစရာတွေ အများ ကြီးတွေ့ရပါတယ်၊နိုင်သလောက်ဆိုသလို့ မြို့ကျက်သရေဆောင် ရွှေရင်မျော့်ဘုရာကြီးကို ဘယ်လို ရှေဆက်လုပ်ဆောင်ရမယ်ဆိုတာကို သိရပါတယ်၊ခရီးစဉ်ကို  စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကို အထူးကျေးဇူးတင်ပါတယ်။

ဦးလှဌေး ကျောက်ကလတ်ဘုရား ဂေါပက

          ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဆောင်ရွက်ပေးမူနဲ့အတူ မာရဝိဇယဘုရားကြီးကိုလာရောက် ဖူးမြော်ခွင့်ရရှိတာပါ၊ပြည်နယ်တိုင်းဒေသကြီးက ဂေါပကအဖွဲ့တွေလည်း အလှည့်ကျလာရောက်ဖူး မြော်ကြတာတွေကို TV သတင်းမှာကြည်ပြီးလာရောက်ဖူးမျော့်ချင်နေတာပါ၊ အခုလို ကိုယ်တိုင် ကိုယ် ကျလာရောက်ရတဲ့အတွက် တွေ့မြင်ရတဲ့ မြင်ကွင်းက ကြည်နူးမိတဲ့အပြင် တည်ဆောက်ထားတဲ့ သူတွေအာလုံးကိုလည်း လေးစားမိပါတယ်၊နိုင်ငံတိုင်းမှာ မိမိတို့ ကိုးကွယ်ယုံကြည်ရာတွေ အမျိုးမျိုး ရှိကြပါတယ်၊မြန်မာလူမျိုးတို့အတွက်ကတော့  မိမိကိုးကွယ်ရာ ယုံကြည်ရာအထွက်အမြတ်ဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို စကျင်ကျောက်ဖြင့် ထုဆစ်ပုံဖော်တည်ဆောက်ပြီး ကမ္ယာ့အကြီးမား ဆုံး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို အချိန်တိုကာလတိုအတွင်းမှာ တည်ဆောက်နိုင်ခဲ့တာဖြင့် ကမ္ယာ့ကပင်လေးစားဂုဏ်ယူလောက်ပါတယ်။