အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများကို တပ်မတော်က ရွာထဲမှမောင်းထုတ်ပြီး ထွက်ခွာခြင်းမရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများကို တပ်မတော်က ရွာထဲမှမောင်းထုတ်ပြီး ထွက်ခွာခြင်းမရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၉ ရက်

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ‌ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်း ကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူ များကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း  သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အဆိုပါကျေးရွာများကို  ယခုနှစ် ဇန်နဝါရီလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြည်သူများအား ရွာများမှထွက်ခွာခိုင်းခြင်းများ မရှိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိ သူများလည်းရှိကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး သက်ဆိုင်ရာနယ်မြေ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၁၉ ရက် ယနေ့တွင် သိမ်ဇရပ်မြို့နယ် အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများ မရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ နယ်မြေဒေသလုံခြုံရေးဆောင်ရွက်နေရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် အမျိုးမျိုးရေးသားဖြန့်ဝေနေကြောင့် သတင်းရရှိရသည်။