မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၉ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင် ကျောင်းတိုက်နှင့် တနိုင်းမြို့ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်တို့မှ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက အဆိုပါ ကျောင်းတိုက်များ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေး အဖွဲ့များက ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၆၇ ပါးနှင့် ဒေသခံပြည်သူ ၂၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာတပ်နယ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။