မင်းပြားမြို့ကို ဂျက်တိုက်လေယာဉ်၊ ဒရုန်းများဖြင့် တစ်နေကုန် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်၊ နေအိမ်တစ်ချို့ မီးလောင်နေ ဟု မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိ

 

မင်းပြားမြို့ကို ဂျက်တိုက်လေယာဉ်၊ ဒရုန်းများဖြင့် တစ်နေကုန် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်၊ နေအိမ်တစ်ချို့ မီးလောင်နေ ဟု မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၉ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ သဲတန်းကျေးရွာက စားသောက်ဆိုင်ကို ယမန်နေ့တွင် တပ်မတော်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး   ဆိုင်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု မဟုတ်မမှန် သတင်းများကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် တပ်မတော် တပ်၊ စခန်းများကို တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ရန်အတွက် မင်းပြားမြို့ရှိ သဲတန်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတချို့ရှိ ဒေသခံပြည်သူများကို ရွာမှ မောင်းထုတ်ခဲ့ပြီး ၎င်းကျေးရွာတို့တွင် စုဖွဲ့မှုများဆောင်ရွက်ကာ တပ်၊ စခန်းများကို  ခိုအောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် ဒေသခံပြည်သူများမှာ ကျေးရွာတွင် မနေကြဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။

သို့ဖြစ်ပါ၍ အထက်ပါ သဲတန်းကျေးရွာရှိ စားသောက်ဆိုင်၌ ဇန်နဝါရီ ၁၈ ရက်နေ့တွင် AA အကြမ်းဖက်သောင်းကျန်းသူများက တပ်၊စခန်းများအား တိုက်ခိုက်ရန် စုဖွဲမှုများပြုလုပ်လျက်ရှိသည်ကို သတင်းရရှိသောကြောင့် တပ်မတော်က ချေမှုန်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တပ်မတော်မှ AA အကြမ်းဖက် သောင်းကျန်းသူများအား တိုက်ခိုက် ချေမှုန်းမှုကို  အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်အားပေး မီဒီယာများက သတင်းအမှားများဖြင့် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။