ကျန်းမာရေးနဲ့ညီညွတ်စွာအိပ်စက်နိုင်စေမယ့် စမတ်မွေ့ရာ

မနက်ဖြန်မှာ အရေးကြီးကိစ္စရှိလို့ ဒါမှမဟုတ် ချိန်းထားတာရှိလို့သွားရမယ်ဆိုရင် နာရီမှာနှိုးစက်ပေး ထားတတ်ကြပါတယ်။ နှိုးစက်ကနေထွက်လာတဲ့ အသံကြောင့် အိပ်မောကျနေတဲ့ကိုယ့်မှာ ရုတ်တရက် လန့်ဖျပ်ပြီး နိုးထလာရလေ့ရှိပါတယ်။ ပြီးရင်တော့ နှလုံးတုန်၊ ရင်တုန်၊ စိတ်မကြည်မလင်နဲ့ တစ်နေကုန် အဆင်မပြေတော့ပါဘူး။

ဒီလိုမျိုးမဖြစ်ရလေအောင် ကိုယ့်ကိုညင်ညင်သာသာနဲ့ နှိုးပေးမယ့်သူလိုအပ်နေတယ်ဆိုရင်တော့ အလွှာငါး လွှာပါတဲ့ Eight Sleep Pod Pro မွေ့ရာလေးက အဆင်ပြေစေမှာပါ။ ကိုယ့်ကိုနှိုးရမယ့်အချိန်ရောက်ရင် ဘာ အသံမှမထွက်စေဘဲ ရင်ဘက်နားလေးကနေ ညင်သာတဲ့တုန်ခါမှုလေးနဲ့ နှိုးပေးပါလိမ့်မယ်။

ဒီမွေ့ရာလေးရဲ့ လုပ်ဆောင်ချက်က ဒီတစ်ခုတည်းမဟုတ်ပါဘူး။ စမတ်မွေ့ရာလို့ဆိုထားတဲ့အတွက်  ဒီထက် များပြားလှတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါသေးတယ်။

သူ့မှာ ပတ်ဝန်းကျင်ကို ထောက်လှမ်းတဲ့ အာရုံခံကိရိယာတွေပါဝင်တာကြောင့် အခန်းတွင်းအပူချိန်၊  စိုထိုင်းဆနဲ့ ရာသီဥတုအခြေအနေတွေကို  တိုင်းတာပေးနိုင်ပါတယ်။ ပြီးတဲ့အခါမှာ ကိုယ့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေမယ့်အပူချိန်နဲ့ တခြားအခြေအနေတွေကို လိုက်လျောညီထွေစွာ ပြောင်းလဲပေးပါလိမ့်မယ်။

ဒါမှမဟုတ်ဘူးဆိုရင်လည်း ကိုယ်အိပ်ချိန်မှာရှိချင်တဲ့ အခန်းတွင်းအပူချိန်ကိုလည်း အပလီကေးရှင်းက နေသွားပြီး စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အိပ်စက်ချိန်မှာဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်း၊ နှလုံးခုန်နှုန်းပြောင်းလဲမှုနဲ့ အသက်ရှူနှုန်းတွေ ကိုစောင့်ကြည့်ပြီး ကိုယ့်ရဲ့ဖုန်းဆီကိုအခြေ အနေတွေ သတင်းပို့ပေးပါသေးတယ်။

နောက်ဆုံးလုပ်ဆောင်ချက်တစ်ခုကတော့ ကိုယ်အိပ်နေချိန်မှာဟိုလှည့်၊ ဒီလှည့် ဘယ်နှခါလောက် လုပ်ဖြစ်လဲ၊ အိပ်ပျော်နေတဲ့ အချိန်အတိုင်းအတာနဲ့ အိပ်ပျော်မှုအဆင့်တွေကိုလည်း ထောက်လှမ်းနိုင်ပြီး  ကိုယ့်အနေနဲ့ ကောင်းစွာအိပ်ပျော်လား၊ အိပ်မပျော် ဘူးလားဆိုတာကို စစ်ဆေးပေးနိုင်ပါတယ်။ ထူးခြားတာကတော့ နှစ်ယောက်အိပ် မွေ့ရာဖြစ်တာနဲ့အညီ လူနှစ်ယောက်စလုံးရဲ့ အခြေအနေတွေကို သီးခြားစီထောက် လှမ်း ပေးနိုင်တာပါပဲ။

နွေဦး