ကော့သောင်းမြို့ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

 

ကော့သောင်းမြို့ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

 

    တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ရှိ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌  နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှ  တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသားဟောင်းများ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊  ကျောင်းသူများနှင့် ကျောင်းသားမိဘများ  တက်ရောက်ကြသည်။

အဆိုပါ    ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ သီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် တက်ရောက် လာကြသောတာဝန်ရှိသူများ၊   ကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ကျောင်းသားဟောင်းများက အမှတ် (၃) အခြေခံ ပညာအလယ်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့်   ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကျောင်းဆောင်သစ်ရှေ့၌   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။