မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့မဈေး တစ်ခုလုံး မီးလောင်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့မဈေး တစ်ခုလုံး မီးလောင်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၀ ရက်

         မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မြို့မဈေးရှိ ဆိုင်ခန်း ၃၀၀ ကျော် မီးလောင်ခဲ့သည့်အပြင် နေအိမ်အချို့လည်း မီးလောင်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

       ဖြစ်စဉ်အမှန်မှာ KIA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မိုးမိတ်မြို့အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများကို လာရောက်တိုက်ခိုက်လျက်ရှိပြီး မိုးမိတ်မြို့ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဇန်နဝါရီ ၁၉ ရက် နေ့ ည ၇ နာရီချိန်ခန့်တွင် မြို့မဈေးအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

        အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဒေသခံပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။