ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင် “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြောက

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင် “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ”ကို တက်ရောက်လာကြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပသုတေသနပညာရှင်များနဲ့ ဧည့်သည် တော် များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ၊ စိတ်၏ချမ်း သာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပခဲ့တာ ယခု (၅၂)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီညီလာခံတွေမှာ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ထွက်ပေါ်လာတဲ့ သုတေသနရလဒ်တွေကို မီးမောင်းထိုးတင်ပြခွင့်ရပြီး ကျန်းမာရေးတွေ့ရှိချက် အသိပညာတွေကို ဆွေးနွေးခွင့်၊ ဖလှယ်ခွင့်စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနဲ့ လူတိုင်း ရောဂါဘယ ကင်းရှင်းရေးဆိုတဲ့ ရည်မှန်းချက်နှစ်ရပ်ကို ပြည့်မီစေနိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ ဒါတွေဟာ ခုလိုကျင်းပနေတဲ့ ညီလာခံကြီးများရဲ့ အရေးပါမှု၊ ထိရောက်အကျိုး ရှိမှုများဖြစ်တယ်ဆိုတာ ဖော်ပြြခင်းပဲ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာသုတေသနများက ထွက်ပေါ်လာတဲ့ တိကျ ခိုင်မာတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်များပေါ်မူတည်ပြီး ကျန်းမာရေးမူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျတဲ့ ခေတ်မီကုထုံး များကို ချမှတ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီလိုအခြေခံအချက်အလက်များ ဖော်ထုတ်ဖို့ဆောင်ရွက်တဲ့ သုတေသနတွေဟာ အရည်အသွေးမြင့်မားတဲ့ သုတေသနကောင်းများဖြစ်ဖို့ လိုအပ်လှပါတယ်။ ဒီလိုအရည်အသွေး မြင့်မားဖို့အတွက် မှန်ကန်တဲ့ သုတေသနနည်းပညာတွေကို အသုံးပြုဖို့ လိုသလို သုတေသနကျင့်ဝတ်များနဲ့ ညီညွတ်စွာဆောင်ရွက်ထားတဲ့ သုတေသနများဖြစ်ဖို့ အထူးလိုအပ်လှပါတယ်။

ဒီအချက်ကို မီးမောင်းထိုးပြဖို့ ယခုနှစ် (၅၂)ကြိမ်မြောက် မြန်မာ နိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ်အဖြစ် “Enhancing Research Integrity and Research Ethics” “ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့လို့ သတ်မှတ် ထားပါတယ်။ ကျင့်ဝတ်နဲ့ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ သုတေသနကျင့်ဝတ်ကော်မတီများမှ အတွေ့အကြုံရှိ ဝါရင့်သုတေသီ ပညာရှင်တွေက ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုသုတေသန ကျင့်ဝတ်ဆိုင်ရာနည်းပညာများကို အတွေ့အကြုံဖလှယ်ရင်း ကျန်းမာရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ သုတေသနကျင့်ဝတ်ကော်မတီများ ပိုမို အားကောင်းခိုင်မာစေရေးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

ဒါ့အပြင် ယနေ့ကမ္ဘာကြီးမှာ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် မကူးစက်တတ်တဲ့ ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ ကင်ဆာစတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်မှု၊ ထိရောက်စွာ ကုသနိုင်မှုအတွက် ရှေ့ဆက်ရမယ့် ကျန်းမာရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များက ပါဝင် ဆွေးနွေးမယ့် မကူးစက်တတ်သောရောဂါများ ကာကွယ်ခြင်း၊ ဖြစ်ပွားမှု လျော့ပါးအောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဆိုင်ရာပညာရပ် ဆွေးနွေးပွဲကိုလည်း ကျင်းပမှာဖြစ်လို့ မကူးစက်နိုင်တဲ့ ရောဂါကာကွယ် တားဆီးရေးမှာ မှန်ကန်တဲ့ ကုထုံးများရရှိဖို့ အထောက်အကူကောင်း များရရှိမှာ မလွဲဧကန်ဖြစ်ပါတယ်။ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ ပညာရှင်များ ပါဝင်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။ ကင်ဆာနဲ့ပတ်သက်လို့ သုတေသနတွေ့ရှိချက်မြောက်များစွာအပေါ် အခြေခံပြီး လေ့လာသုံးသပ်ပြီး ရေးဆွဲခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်များရေးဆွဲခဲ့တဲ့ “Myanmar National Cancer Control Strategic Action Plan (2023-2027)”ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့က အသိပေးမိတ်ဆက်ပေးခြင်း ဆောင်ရွက် နိုင်ခဲ့လို့ သုတေသနတွေ့ရှိချက်များ အရေးပါပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။

မကူးစက်နိုင်တဲ့ ရောဂါများအတွက် အရေးပါသလို ကူးစက်နိုင်တဲ့ ရောဂါများဖြစ်တဲ့ ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့် သုတေသနပြုလုပ်နေဖို့လည်း လိုအပ်ပါတယ်။ ရောဂါကုထုံးသစ် များ၊ ကာကွယ်ဆေးများထုတ်ဖော်ဖို့အရေးပါတဲ့ အခြေခံအချက် အလက်များကို ဖော်ထုတ်နိုင်ဖို့အတွက် သုတေသနတွေကို စဉ်ဆက် မပြတ် ဆောင်ရွက်နေဖို့လိုအပ်ပါတယ်။ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)မှာ အဆင့်မြင့်မော်လီကျူး သုတေသနဌာန ဓာတ်ခွဲခန်း တည်ထောင်ခြင်းဟာ ယခု ၂၀၂၄ ခုနှစ်၊ (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာဆိုရင် (၁၀)နှစ် ပြည့်မြောက် ခဲ့ပြီလို့သိရပါတယ်။

ဒီဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအထောက်အပံ့နဲ့ ၂၀၁၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဓာတ်ခွဲခန်း တည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်က ခေတ်မီနည်းပညာနဲ့ ဓာတ်ခွဲခန်း ဆိုင်ရာအထောက်အကူပြုပစ္စည်းများ အသုံးပြုပြီး ကူးစက်နိုင်သော ရောဂါ (၃)မျိုးဖြစ်တဲ့ ငှက်ဖျား၊ အသည်းရောင်အသားဝါ၊ တီဘီဆိုင်ရာ သုတေသနစွမ်းရည်ကို အားကောင်းလာစေရန်၊ မြန်မာပြည်သူများ အတွက် ကူးစက်နိုင်သော ရောဂါများနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပိုမိုကောင်းမွန်လာစေရန်၊ အထောက်အကူဖြစ်စေရန်တို့ဖြစ် ပါတယ်။ ဓာတ်ခွဲခန်းမှာ အဆင့်မြင့်ဓာတ်ခွဲခန်း နည်းပညာအသုံးပြု ထားတဲ့ ဇီဝလုံခြုံမှုအဆင့်(၂)အထက်ရှိ ဓာတ်ခွဲခန်းပါဝင်ပြီး သုတေသီ များနဲ့ နည်းပညာရှင်တွေကို ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့် မော်လီကျူးသုတေသနစင်တာဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင် ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မျိုးကွဲတွေရဲ့ မျိုးရိုးဗီဇများကို ရှာဖွေ ဖော်ထုတ်စမ်းသပ် လေ့လာသုံးသပ်ခြင်းတွေကို အစဉ်တစိုက်လုပ်ဆောင် နေပြီး ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀)ကျော်ကို ဆေးသုတေသနဦးစီးဌာနမှာ ပြုလုပ်ခဲ့ပြီးဖြစ်တယ် လို့သိရပါတယ်။ နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိတဲ့ ကိုဗစ်-၁၉ မျိုးကွဲဆိုင်ရာ အချက်အလက်တွေကို အများပြည်သူသိရှိစေဖို့ ကျန်းမာရေးဝန်ကြီး ဌာနက စဉ်ဆက်မပြတ် သတင်းမျှဝေပေးနေနိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့်က ဖြစ်ပွားခဲ့ပြီးနောက် အခုထပ်မံ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး နောင်လာနောင်သားများ သိရှိစေဖို့အတွက် မှတ်တမ်းမှတ်ရာများ ကျန်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကာကွယ်ရေးဝန်ကြီး ဌာနအောက်ရှိ တပ်မတော်ဆေးသုတေသနတပ်နဲ့ ကျန်းမာရေးဝန်ကြီး ဌာနတို့မှ သုတေသနပညာရှင်များက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဲဒီသုတေသနလုပ်ငန်းက ထွက်ပေါ်လာတဲ့ သုတေသန ရလဒ်စာတမ်းတွေကို ယခုညီလာခံမှာ တင်သွင်းဖတ်ကြားမယ် ဆိုတာ သိရှိရတာကြောင့်မို့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အရေးပါသော ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါနဲ့ ပတ်သက်ပြီး ဆေးယဉ်ပါးတီဘီရောဂါအတွက် ကုထုံးသစ်တစ်မျိုး ကို သုတေသနပြုလုပ်ပြီး လူနာတွေမှာ လက်တွေ့အသုံးပြုကုသ မှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဒီဆေးယဉ်ပါးတီဘီ အတွက် သုတေသနတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးမယ့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပသွားမယ်လို့လည်း သိရှိရပါတယ်။

ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်၊ ကျောင်းတွေမှာ အရည်အသွေး အာမခံမှုစနစ်တိုးမြှင့် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အရည်အသွေး အာမခံမှုဆိုင်ရာလုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှု များနဲ့ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ထည့်သွင်း ထားကြောင်းလည်း သိရှိရပါတယ်။

ဒီနှစ် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှာ တင်သွင်းဖတ်ကြားတဲ့ သုတေသနစာတမ်းများ၊ သုတေ သနပိုစတာများဟာ နိုင်ငံတော်က မျှော်မှန်းထားတဲ့ အမျိုးသားကျန်း မာရေးမူဝါဒများကို အပြည့်အဝအထောက်အကူပြုမယ်လို့ ယုံကြည် ပါတယ်။

ညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ လုပ်ငန်းတာဝန်များ သတ်မှတ်ပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ တယ်လို့ သိရှိရတဲ့အတွက် ညီလာခံကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနဲ့ ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများနဲ့ စာတမ်း၊ ပိုစတာများ ဖတ်ကြားတင်သွင်းသူသုတေသီများ၊ ပညာရပ်ဆိုင် ရာ နှီးနှောဖလှယ်ပွဲများမှာ ပါဝင်ဆွေးနွေးကြသူ ပြည်တွင်း ပြည်ပ ပညာရှင်များကိုလည်း မှတ်တမ်းတင်ချီးကျူးပါကြောင်း အလေးထား ထည့်သွင်းပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ( ၅၂ )ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံကြီးကို ကျင်းပခြင်းဖြင့် ညီလာခံရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေဖို့နဲ့ သုတေသနတွေ့ရှိချက် တွေကို လက်တွေ့အသုံးချမယ့် သက်ဆိုင်ရာကျန်းမာရေးပညာရှင် များ သိရှိဆွေးနွေးနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်များ ပြည့်မီလာလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ ညီလာခံကရရှိလာတဲ့ အထောက်အထား ခိုင်မာတဲ့ သုတေသနရလဒ်တွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်တဲ့ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို ပံ့ပိုးမယ့် ရလဒ်ကောင်းများ ရရှိမယ်လို့ ယုံကြည်ပါကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး သုတေသနကျင့်ဝတ်နဲ့ ပြည့်ဝတဲ့ အရည်အသွေးမီ သုတေသနကောင်းများ အစဉ်တစိုက်ဆောင်ရွက်နိုင်ဖို့အတွက် သုတေသီပညာရှင်များက မလျော့သောဇွဲနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။