ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ဖျက်သိမ်းခံနေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ဖျက်သိမ်းခံနေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ၂၁ ရက်နေ့ကစ၍ ဖျက်သိမ်းရန် ပဲခူးမြို့စည်ပင်မှပြောကြားခဲ့ပြီး ဈေးဖျက်သိမ်းတဲ့နေရာမှာ လမ်းနှင့်မလွတ်သော နေရာအဆောက်အဦများ ဖျက်ပေးရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် DVB မှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ ရှိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြင်စည်​စျေးသစ်ကြီးကို​ တည်ဆောက်​ပေးထားပြီး​ဖြစ်ကြောင်းနှင့် အချို့သော ဈေးရောင်းချသူများမှ မ​ရွှေ့​​ပြောင်းပဲ​ စျေး​ဟောင်း လမ်း​ဘေးတွင် ကျုး​ကျော်​အဆောက်အဦများဆောက်လုပ်၍ ဈေးရောင်းချမှုများဆက် လက်လုပ်ဆောင်​နေသောကြောင့် မူလလမ်း အကျယ်ပေ ၁၀၀ လမ်းမကြီးမှာ ကျုး​ကျော် အ​ဆောက်အဦများကြောင့် လမ်းအကျယ် ပေ ၃၀ ခန့်သာ ကျန်ရှိလျက်ရှိပါသည်။ အဆိုပါလမ်းမကြီးသည် အရှေ့မြို့ရှောင်လမ်းမကြီးနှင့် အနောက်မြို့ရှောင်လမ်းမကြီး အား အဓိကဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည့်အတွက် ကျူးကျော်ဈေးကြောင့် မြို့သန့်ရှင်းသာယာလှပမှု၊ ကျန်းမာရေးနှင့်ညီညွတ်မျှတမှုများ ထိခိုက်လျက်ရှိပြီး ယာဉ်များ သွားလာမှုပိတ်ဆို့နေခြင်းများကြောင့် မူလလမ်း အကျယ်​ပေ ၁၀၀ လမ်းမကြီး အဖြစ် အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် မြို့ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိမှုကို ပျက်ပြားစေရန်နှင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများအား အသုံးပြု၍ သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။