NCA လက်မှတ်ရေးထိုးသော PNLO/ PNLA တောင်ကြီးဆက်ဆံရေးရုံးကို တပ်မတော်က ဝင်စီးပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

NCA လက်မှတ်ရေးထိုးသော PNLO/ PNLA တောင်ကြီးဆက်ဆံရေးရုံးကို တပ်မတော်က ဝင်စီးပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ PNLO/ PNLA ဆက်ဆံရေးရုံး ကို တပ်မတော်မှ ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်း အမှားများသာဖြစ်ကြောင်း သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများမှ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို ဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ ပါသည်။