ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၃

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယနေ့ နံနက် ၁၀ နာရီခန့် တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

           ထိုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရလျှင်ရခြင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ရာ ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေဆုံးလျက် တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရသည်။

           သေဆုံးခဲ့ရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။