ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ကိုထွန်းငြိမ်းက သမီးလေးကို ချီထားရင်း အိမ်ခန်း ထဲတွင် ထိုင်လိုက်သောအခါ မခင်မှီမှာလည်း ကိုထွန်း ငြိမ်းနှင့် ပူးပူးကပ်ကပ်ထိုင်ကာ ကိုထွန်းငြိမ်းကို ဖက် ထားရှာသည်။

မခင်မှီ

ရှင့် အစ်ကို

သမီးလေးကို နာမည်ပေးပြီးပြီလား

အင်း၊ သြော် အစ်ကိုရယ် မှောင်နေပြီ။ မီးထွန်း လိုက်ဦးမယ်

အို နေပါစေ ခင်မှီလေးရယ်

ကိုထွန်းငြိမ်းက မခင်မှီ၏လက်ကို ဖမ်းဆွဲထားလိုက် သည်။

မီးထွန်းလိုက်မယ် အစ်ကိုရယ်။ ခင်မှီက အစ်ကို့ မျက်နှာကို တဝကြီးကြည့်ပြီးမှ စကားပြောချင်တာ

မဟုတ်တာ၊ နောက်ဆို ခင်မှီက အစ်ကိုနဲ့ အတူ နေရတော့မှာပဲဟာ။ ခု ခင်မှီ့ကိုခေါ်ဖို့ အစ်ကိုလာပြီပဲ ဟာ

ဒါပေမဲ့ အစ်ကို့မျက်နှာကို ခင်မှီက ဘယ်တော့မှ ကြည့်မဝနိုင်ဘူးတဲ့တော်ရယ် သိရဲ့လား

ဤစကားကိုတော့ မခင်မှီက ကိုထွန်းငြိမ်း နားနား ကပ်ပြောထားခဲ့ပြီး အပြင်ခန်းထွက်ပြေးသွားသည်။ သူ အိပ်ခန်းထဲပြန်ဝင်လာသောအခါ လက်ဆွဲမီးအိမ် တစ်ခုကို ဆွဲလာသည်။ ပြီး မီးစာကို အနည်းငယ်မြှင့် လိုက်ပြီး ကိုထွန်းငြိမ်း၏မျက်နှာနားတွင် ချိတ်ဆွဲလိုက် သည်။

ခင်မှီ အစ်ကိုတို့ သမီးလေးနာမည်က ဘာတဲ့လဲ ဟင်

ဟိုတုန်းက အစ်ကိုငြိမ်းနဲ့ ခင်မှီတို့ တိုင်ပင်ထားကြ သလိုပေါ့

မခင်ငြိမ်း၊ သမီးလေး မခင်ငြိမ်းပေါ့

ဟုတ်ဘူး

နို့ ဘာလဲလို့

မခင်ခင်ငြိမ်းပါတဲ့

ဟင် ဟိုတုန်းက ခင်မှီနဲ့ကိုယ်တို့ တိုင်ပင်ခဲ့ကြတုန်း က သမီးလေးဆိုရင်  မခင်ငြိမ်း  သားလေးဆိုရင်

ထွန်းခင်ဆို မဟုတ်လား။ ခုဘယ်က ခင်တစ်လုံး ပိုလာပါလိမ့်

ကိုထွန်းငြိမ်းက သူ့ပခုံးပေါ် မေးတင်ထားပြီး သူ့ မျက်နှာကို မမှိတ်မသုန်ငေးကြည့်နေသော မခင်မှီ၏ မျက်နှာကို အပြုံးနှင့်ကြည့်၍မေးလိုက်၏။

အစ်ကို့ သူငယ်ချင်း ကိုရဲမြင့်လေ၊ မခင်ငြိမ်းဆို တာထက် မခင်ခင်ငြိမ်းဆိုတာကိုပဲ

တော်စမ်းပါ၊ သူနဲ့ဘာဆိုင်လို့ ကျုပ်သမီးကို သူက နာမည်

ကဲ သမီးရေ၊ ထမင်းခူးပြီးပြီဟေ့

ကိုထွန်းငြိမ်းက ရုတ်တရက်ဒေါသထွက်သွား၍ ပြောလိုက်မိသော စကားမဆုံးခင် မခင်မှီအမေ၏ ထမင်းစားခေါ်သံက ပေါ်လာလေသည်။

ကိုထွန်းငြိမ်းသည် ရုတ်တရက်ထွက်သွားမိသော ဒေါသကို ချက်ချင်းမျိုသိပ်ချုပ်တည်းလိုက်သည်။

ကိုရဲမြင့်အပေါ် သူ့စိတ်က မည်မျှမကျေမနပ်ဖြစ် နေမိသော်လည်း ယခုနေအချိန်မှာ မခင်မှီလေး အား ငယ်ဝမ်းနည်းသွားမှာကိုတော့ ကိုထွန်းငြိမ်းက မလို လားပါချေ။

ထို့ကြောင့်လည်း ကိုထွန်းငြိမ်းသည် မခင်မှီ၏ လက်ကို ဆတ်ခနဲသတိတရနှင့်လှမ်းကိုင်ကာ မတ် တတ်ထရပ်လိုက်၏။

ခင်မှီ အစ်ကို့ကို သိပ်လွမ်းတာပဲကွယ်။ သမီးလေး ကလည်း အစ်ကိုနဲ့သိပ်တူတော့ သမီးလေးကိုကြည့်ပြီး အစ်ကို့ကိုလွမ်းလို့ နေတိုင်းငို

အိုကွယ် ခင်မှီလေးကလည်း

ကိုထွန်းငြိမ်းသည် ဤမျှသာရေရွတ်ပြီး မခင်မှီကို လက်ဆွဲကာ ထမင်းပွဲရှိရာ မီးဖိုဆောင်သို့ထွက်လာ သည်။

ကဲ မောင်ထွန်းငြိမ်း သမီးကို  အဒေါ့်ပေး။ ကဲလာ သမီး ဖေဖေတို့ ထမင်းစားကြပါစေ

အိမ်သို့ရောက်ကတည်းကပင် တစ်ချီတည်းချီပွေ့ ထားသော သမီးလေး ခင်ခင်ငြိမ်းကို မခင်မှီအမေ က  ကိုထွန်းငြိမ်း၏လက်ပေါ်မှ  လှမ်းယူလိုက်လေသည်။

 

ခင်မှီ ဘာမှ မပူနဲ့၊ မင်းဘူးရောက်ရင် ဆရာကြီး အိမ်မှာ ခဏတော့ နေလို့ရတယ်

ဆရာကြီးအိမ်ဆိုတာက အစ်ကို့အဆက်ဟောင်း ကြီးအိမ်လား

ကိုထွန်းငြိမ်းနှင့် မခင်မှီတို့မှာ ထမင်းဝိုင်းတွင်လည်း စကားလက်ဆုံပြော၍မကုန်ဖြစ်ကာ ရှေ့အစီအစဉ်များ ကိုလည်း တတွတ်တွတ်နှင့်တိုင်ပင်နေကြ၏။

ခင်မှီကတော့ လုပ်ပြီ။ အကောင်းပြောနေတဲ့ဥစ္စာ၊ ဆရာကြီးတို့မိသားစုဟာ    ကိုယ်တို့ညီအစ်ကိုတွေ

အပေါ်မှာ သိပ်ကောင်းကြတာပဲ ခင်မှီ၊ ကိုယ်တို့ ညီအစ်ကိုတွေအတွက် တကယ့်ကျေးဇူးရှင်တွေပါ။ ကျေးဇူးရှင်ဆိုတာ မပြစ်မှားကောင်းဘူး

အစ်ကိုကလည်း ခင်မှီက သက်သက်ကျီစားတာပါ

မခင်မှီသည် ကိုထွန်းငြိမ်း ပန်းကန်ထဲ ငါးဟင်း တစ်ဖတ်ခပ်ထည့်ပြီး ဝမ်းနည်းသံနှင့်ပြောလိုက်၏။

ဆက်လက်ဖော်ပြပါမည်။