ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ကိုယ်လည်း သိပါတယ်

အစ်ကို ထမင်းထည့်ဦးလေ

အင်း  ခင်မှီ့ရဲ့လက်ရာကို မစားရတာ ကြာလို့၊ ဒီနေ့ ထမင်းမှ ဝပါဦးတော့မလား ဘဲ

ပိုရပြန်ပြီ

မခင်မှီနှင့် ကိုထွန်းငြိမ်းတို့ ထမင်းစား ရင်း ကျီစယ်နောက်ပြောင်နေကြသည်ကို မခင်မှီ၏အမေမှာ အကျေနပ်ကြီး ကျေနပ် ကာ   ကလေးတစ်ဖက်နှင့်    မီးဖိုထဲ၌ပင် နောက်တစ်နေ့အတွက်    ဆွမ်းဟင်းချက်လျက်ရှိသည်။

ပွဲရုံတစ်ရုံမှာ     အလုပ်ဝင်လုပ်ရင်း ကိုယ်စုထားတဲ့ငွေလည်း သုံးလေးရာတော့ ရှိတယ်။ နောက်တော့ အိမ်လေးဘာလေး ငှားနေကြတာပေါ့။  အဲဒါ မနက်ဖြန် မိုး မလင်းမီ  အစ်ကိုတို့ ရွာကထွက်ကြမယ်။ ဒီည  အားလုံးအဆင်သင့်ထုပ်ပိုးထားရမယ်နော်

အင်းပါ အစ်ကိုရယ်၊ မနက်ဖြန်နေသာ ရင် သိပ်ကောင်းမှာပဲနော်။ နို့မို့ရင် လမ်း မှာ သမီးလေးချမ်းနေမလားပဲ။  ခါတိုင်းလို ကားတွေ၊  လှည်းတွေကလည်း  မပေါက်တော့

အစိုးရစစ်ဆင်ရေးလုပ်ပြီး နောက်ပိုင်း မှာ ရဲဘော်ဖြူများက တံတားတွေကို မိုင်းခွဲ ဖျက်ထားသဖြင့် ယခုအခါ မင်းဘူးမြို့နှင့် သူတို့ရွာကို ကားမပေါက်၊ လှည်းမရောက် ဖြစ်နေလေသည်။

ယခင်က မင်းဘူးမြို့အထိ တစ်ခါမှ ခြေကျင်မသွားဖူးသောမခင်မှီမှာ မိန်းမသားပီပီ လမ်းခရီးကိုတွေး၍ ပူူပင်စိတ်ကလေး ဝင်နေ၏။

အင်း နေသာရင်တော့ သိပ်ကောင်း ပေါ့ကွယ်။  ဒါပေမဲ့  မိုးရွာရင်လည်းသွား တော့သွားရမှာပဲ။     အစ်ကို့အတွက်က ဒီမှာတစ်ည၊ နှစ်ညနေလို့ မသင့်တော်ဘူး။ သမီးလေးကို   အစ်ကိုချီမယ်။     ခင်မှီကတော့ အဝတ်လွယ်အိတ်လွယ်ပေါ့

သေတ္တာနဲ့ဆို    ပိုမကောင်းဘူးလား အစ်ကို၊ လုံလုံခြုံခြုံပေါ့။ ခင်မှီလည်း ခေါင်း ပေါ်တင် ရွက်သွားလို့ရတာပေါ့

သေတ္တာနဲ့ဆို လူတွေရိပ်မိကုန်မှာပေါ့ ခင်မှီရယ်။ လွယ်အိတ်နဲ့ဆိုတော့ ဟိုရွာ၊ ဒီရွာ ခဏတစ်ဖြုတ်သွားလည်ကြတဲ့ ဇနီး မောင်နှံလို့ထင်ကြမယ်မဟုတ်လား

အင်းပါလေ၊ အစ်ကို့ သ...ဟင်

ဟင်

ဟာ

မီးဖိုဆောင်ထဲ ရုတ်တရက်ရောက်လာ သောလူတစ်ယောက်ကြောင့်  ထမင်းစား နေကြသော  ကိုထွန်းငြိမ်း၊ မခင်မှီတို့မှာ ဟင်ခနဲ၊ ဟာခနဲဖြစ်သွားကြသည်။

အမှန်မှာ  ကိုထွန်းငြိမ်းနှင့်  မခင်မှီတို့ ကသာ ဟင်ခနဲ၊ ဟာခနဲဖြစ်သွားကြသည် မဟုတ်။    ဦးဘကျော်၏ အနေမှာလည်း ဟင်ခနဲဖြစ်သွားလေသည်။ 

မခင်မှီ၏အမေမှာတော့ သမီးငယ်ကို ပွေ့ချီထားရင်း   ရုတ်တရက်ရောက်လာ သော ဦးဘကျော်ကို မျက်လုံးအပြူးသား နှင့်   ကြောင်ကြည့်ကာ   မှင်တက်မိသွား၏။

ဒီနယ်ဘက်ကို အစိုးရက မကြာခဏ ထိုးစစ်ဆင်ခြင်း၊   တိုက်ကင်းလှည့်ခြင်းတို့ ကြောင့်  မိမိရွာသို့  မိုးချုပ်နေဝင်မှ    သူ့တပည့်သုံးယောက်နှင့်  ရောက်လာသော ဦးဘကျော်သည်   တပည့်သုံးယောက်ကို ခြံပြင်တွင်အစောင့်ထားခဲ့ကာ အိမ်ထဲကို ပုန်းလျှိုးကွယ်လျှိုးနှင့်    ဝင်လာခြင်းဖြစ်သည်။

ယခု အိမ်နောက်ဖေး မီးဖိုဆောင်တွင်  ကိုထွန်းငြိမ်းအား မမျှော်လင့်ဘဲ ထမင်းစား နေသည်ကိုတွေ့ရသောအခါ ဦးဘကျော်မှာ ထောင်းခနဲဒေါသထွက်သွား၏။ သူ၏တစ်ကိုယ်လုံးမှာလည်း ဒေါသနှင့်တဆတ်ဆတ်တုန် သွားလေသည်။

ဟင် ထွန်း ထွန်းငြိမ်း၊ မင်း မင်း ငါတို့ ကို နိုင်ငံရေးအရရော၊ လူ

အို...ကို ကို ကိုဘကျော်

ဦး ဦးလေး

ဦးလေးရယ်   အစ်ကိုကို့  မပစ်ပါနဲ့ အစ်ကို

ဦးဘကျော်သည် သူ့ပခုံးပေါ်တွင် လွယ်လာသော စတင်းဂန်းသေနတ်ကို ဖြုန်းခနဲ ဖြုတ်လိုက်ကာ ကိုထွန်းငြိမ်းကို ပစ်သတ်ရန် ချက်ချင်းထိုးချိန်လိုက်၏။

ဤအခြေအနေအားလုံးကို ချက်ချင်း သိလိုက်ကြသော မခင်မှီ၊ ကိုထွန်းငြိမ်းနှင့် မခင်မှီအမေတို့မှာ အထိတ်တလန့် ပြိုင်တူ အော်ဟစ်လိုက်ကြပြီး ကြောက်ကြောက် ရွံ့ရွံ့နှင့်လည်း ရုတ်တရက် တားဆီးလိုက် ကြသည်။

ဖယ်...ဖယ်ကြစမ်း၊ နင်တို့ပါ မသေ ချင်ရင် ခုချက်ချင်းဖယ်ကြစမ်း၊ သမီးပေးလို့ သမက်တော်ဖို့မကောင်းတဲ့အကောင်။ ဟေး ဖယ်ကြစမ်းဆို မကြားဘူးလား

ကျွန်...ကျွန်တော်ပြောပါရစေဦး ဦးလေးရယ်၊ ဦးလေးတို့ ကျွန်...ကျွန် တော့်ကို သက်သက်အထင်လွဲနေကြတာ ပါ။ ကျွန်တော်

ဟေး မင်း  ငါ့ကို   ဘာမှအယူခံဝင် နေစရာမလိုဘူး။ မင်းအကြောင်း ငါတို့  အကုန်သိပြီးပြီ။ တောက် ဒီမိန်းမ၊ မင်းပါ သေချင်လား ဟင်။ ဖယ်ပါလို့ ပြောနေ၊ ငါ တယ်...တောက်

သ...သမီးပြောပါရစေဦး ဦးလေး၊ အစ်ကိုထွန်းငြိမ်းမှာ ဘာမှအပြစ်မရှိပါဘူး။ ဦးလေးတို့ အစ်ကိုထွန်းငြိမ်းကို အ

ကဲ...ဖယ်ပါလို့ပြောနေ    မရဘူး။ နင်တို့အားလုံးသေကုန်လိမ့်မယ်။   ဟေး ဟာ ကြည့်စမ်း၊ ကြည့်စမ်း၊  ဒီကောင် ငါ့ သေနတ်ကိုလုတယ်။   ဟင် ထွန်းငြိမ်း မင်း မင်း

ဦးလေးကို ကျွန်တော် တောင်းပန်နေ တာ၊ ဦး...ဦးလေး ကျွန်..ကျွန်တော့်

ကို ပစ်မလို့။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဦးလေးလက်ထဲမှာ        သေနတ်ရှိရင်

ကျွန်တော်ကြောက်တယ်

အခြေအနေမှာ     စက္ကန့်ပိုင်းအတွင်း ရှုပ်ထွေးသွားလေပြီ။

ထမင်းဝိုင်းမှ ပန်းကန်၊ ဇွန်း၊ ဟင်းခွက် စသည်တို့မှာလည်း အားလုံးပရမ်းပတာ ကွဲမှောက်ကုန်ကြလေပြီ။

ဆက်လက်ဖော်ပြပါမည်။