“(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ ဆက်လက် ကျင်းပ

 

“(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ ဆက်လက် ကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ  ၂၄

      ကျန်းမာရေးဝန်ကြီးဌာနမှ   ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ   ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ”တတိယနေ့ကို ယနေ့တွင်  ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)တွင်  ဆက်လက်ကျင်းပခဲ့ရာ သုတေသန စာတမ်းရှင်များက အခြေခံသုတေသန စာတမ်း၊   အသုံးချ သုတေသနစာတမ်း၊ ကျန်းမာရေးစနစ်   သုတေသနစာတမ်း စုစုပေါင်း ၃၃ စောင်ကို ဖတ်ကြား တင်ပြခဲ့ကြသည်။ 

နံနက်ပိုင်းတွင် သဘာပတိများအဖြစ် ကျန်းမာရေးလူ့ စွမ်းအား အရင်းအမြစ်ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်    ပါမောက္ခ ဒေါက်တာလှလှဝင်း၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ပပစိုး၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာရှင်နောင်းလွင်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦး၊    ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူတို့က  ဆောင်ရွက်၍ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးသိန်းလှိုင်က “ပြည်ခရိုင်၏   အခြေခံအဆင့် ပြည်သူ့ကျန်းမာရေး ဌာနများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းထောက်ပံ့မှု   စီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေများအား    လေ့လာဆန်းစစ်ခြင်း}}  သုတေသနစာတမ်းကို လည်းကောင်း၊ ပေါင်းတည်မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁)   ဦးထွန်းဝင်းလတ်က “မြန်မာနိုင်ငံ    မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ ပြည်သူလူထုအခြေပြု ကျန်းမာ ရေးစေတနာ့ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်အပေါ်   လွှမ်းမိုးသည့် အချက်များအား ဖော်ထုတ်လေ့လာခြင်း”   သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြုသင်တန်းကျောင်းမှ သရုပ်ပြ ဒေါ်သက်သက်ထွန်းက “ကင်ဆာဆေးသွင်းနေသော   ရင်သားကင်ဆာလူနာများ၏ မောပန်းနွမ်းနယ်ခြင်း၊ နေ့စဉ်လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းနှင့် ဘဝအရည်အသွေး ဆက်နွှယ်မှုကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ သရုပ်ပြ ဒေါ်ဖြူနှင်းဖွေးက “ကရင်လူမျိုးများ၏ ကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်းတွင် လွှမ်းမိုးနေသော   ရိုးရာဓလေ့ ယုံကြည်မှုများနှင့်   လုပ်ဆောင်မှုများ” သုတေသနစာတမ်းကို လည်းကောင်း၊ မိခင်နှင့် ကလေးကျောင်း ကျန်းမာရေး(ချမ်းမြသာစည်)မှ ဦးစီးအရာရှိ ဒေါ်သဲနုအောင်က “မိတ္ထီလာခရိုင်ဆေးရုံကြီးရှိ သူနာပြုများ၏ အသက်မွေးဝမ်းကျောင်းအပေါ် တန်ဖိုးထားမှု၊ ဆေးရုံကျင့်ဝတ်နှင့် သက်ဆိုင်သော အခြေအနေများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ    ဘဝအရည်အသွေးတို့ အကြား ဆက်နွှယ်မှုတို့အား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြု သင်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ် ဒေါ်အေးအေးခိုင်က “ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ ဗဟိုအမျိုးသမီးဆေးရုံရှိ သူနာပြု ဆရာမများ၏   မိခင်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အတွေ့အကြုံများကို လေ့လာဖော်ထုတ်ခြင်း”  သုတေသန စာတမ်းကို လည်းကောင်း၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ သရုပ်ပြ ဒေါ်အိအိမွန်က “မန္တလေးပြည်သူ့ဆေးရုံကြီးရှိ     ဆေးရုံ၏ ကျင့်ဝတ်နှင့် သက်ဆိုင်သော အခြေအနေနှင့် သူနာပြုများ၏ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်မှုအား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြုသင်တန်းကျောင်း (ရန်ကုန်)မှ သရုပ်ပြ  ဒေါ်နွယ်ဇင်ငြိမ်းက “အသက် တစ်နှစ်အရွယ်  ကလေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်သော မိခင်များ၏ ဗဟုသုတအပေါ်တွင် ပညာပေး လမ်းညွှန်၏    အကျိုးသက်ရောက်မှု အစီအစဉ်”သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)မှ တွဲဖက်ပါမောက္ခ ဒေါက်တာမေစိုးအောင်က “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ   အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ရေဘေး ကြိုတင်ပြင်ဆင်ရေးနှင့် ရေဘေးဆိုင်ရာ ကူးစက်ရောဂါများ အကြောင်း အသိပညာများ တိုးမြှင့်ခြင်း”   သုတေသန စာတမ်းကို လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(နေပြည်တော်)မှ ဦးစီး အရာရှိ ဒေါ်အိမွန်ဆွေက “Perindopril Erbumine Film Coated Tablet ၏ ဖော်မြူလာ ထုတ်ဖော်ခြင်းနှင့် အရည်အသွေး စစ်ဆေးခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ထားဝယ်)မှ   ဦးစီးအရာရှိ ဒေါ်သဲဦးဘိုက “Ferrous Fumarate Capsule tm; Dried Starch နှင့် So-dium Starch Glycolate မတူညီသော အချိုးအစားများကို အသုံးပြု၍ ဆေးထွက်ရှိမှုနှုန်း အရည်အသွေးအား    တိုင်းတာဆုံးဖြတ်ခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊    ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန် ဒေါက်တာခင်စုလှိုင်က “အစာအိမ်ကင်ဆာတွင် ပြန်ရည်ကျိတ်ကို အဆင့်သုံးဆင့်ဖြင့် ခွဲစိတ်ခြင်းနှင့်   ပုံမှန်ခွဲစိတ်ခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၁)မှ   ကထိက ဒေါက်တာအေးပွင့်ဖြူက “CYP2D6*10  မျိုးရိုးဗီဇ အက္ခရာ ကွဲပြားမှုကြောင့် Risperidone ဆေး၏ အာနိသင်နှင့် သွေးတွင်းပမာဏအပေါ် အကျိုးသက်ရောက်မှုကို စိတ်ကစဉ့်ကလျား ရောဂါလူနာများတွင် လေ့လာခြင်း”   သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာနမှ သုတေသီ   ဒေါက်တာအေးမင်းမော်က “ရိုးတွင်းခြင်ဆီ အားနည်းရောဂါလူနာများတွင်   အသုံးပြုသည့် Cyclosporine ဆေး၏    သွေးတွင်းပမာဏအပေါ်တွင် ဆေးကိုချေဖျက်ပေးသော  ဇီဝဓာတ်ကူ CYP3A5 6986A>G နှင့် ပတ်သက်သည့် မျိုးရိုးဗီဇအက္ခရာ ကွဲပြားမှု၏ အကျိုးသက်ရောက်ပုံကို လေ့လာခြင်း”    သုတေသနစာတမ်းကို လည်းကောင်း၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာယုယုမွန်က “လူငယ်နှင့်လူလတ်ပိုင်း သွေးဥကင်ဆာ လူနာရှင်များတွင် ဓာတုရောင်ခြည် အသုံးပြုပြီး ရောဂါအကြွင်းအကျန် ရှာဖွေခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဌာနမှ ဒေါက်တာဖြိုးသိင်္ဂီခိုင်က “ရင်သားကင်ဆာရောဂါတွင် တွေ့ရှိနိုင်သော ပရိုတင်းဓာတ်ပေါင်း တစ်မျိုး(Survivin) အားလေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးတက္ကသိုလ်(၂)မှ    တွဲဖက်ပါမောက္ခ ဒေါက်တာနီနီအောင်က “သားဥအိမ်ကင်ဆာကို   သွေးတွင်းဓာတ်ပစ္စည်း တစ်မျိုးနှင့် ရောင်စုံတယ်လီဗေးရှင်း ဓာတ်မှန်ဖြင့် စမ်းသပ် ရှာဖွေခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊   ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာခင်အေးသင်းက “ကျန်းမာသော အသက်ကြီးခြင်းတွင် အခြေခံကိုယ်ခံအား ဆဲလ်ပုံစံအား ရှေးဦးအစမ်း လေ့လာခြင်း” သုတေသန စာတမ်းကို လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာနမှ သုတေသီ ဒေါက်တာသန်းမြတ်စိုး က “သွေးလွန်တုပ်ကွေး ရောဂါပိုးကို သယ်ဆောင်နိုင်သော Aedes aegypti  ခြင်ကျား သားလောင်းများကို ထိန်းချုပ်နိုင်ရန်အတွက် Abate (Temphose 1% sand granules) ပိုးသတ်ဆေး၏ အကြွင်းအကျန် အကျိုးသက်ရောက်မှုကို လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး   တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာအေးအေးခင်၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်တင်ကျော်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထင်လင်း၊ ဆေးတက္ကသိုလ်(၁)   ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မေသင်း၊ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာသင်းသင်းမြတ်၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာအေးအေးတင့်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာစန်းစန်းဌေးတို့က ဆောင်ရွက်၍ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာယမင်းသီရိခင် က   “ခွဲစိတ်မွေးဖွားသည့် မိခင်များတွင် နာလန်ထမြန်စေရန် ပြုပြင်ပြောင်းလဲထားသည့် ကုထုံးနှင့်စံပြု ကုထုံးတို့အား နှိုင်းယှဉ်လေ့လာခြင်း”  သုတေသနစာတမ်းကို လည်းကောင်း၊ သူနာပြု သင်တန်းကျောင်း (ရန်ကုန်) ကျောင်းအုပ် ဒေါ်ဝိုင်းရတနာက “မွေးဖွားပြီး သားဦးမိခင်များအား သားဖွားလမ်းကြောင်း ချဲ့ထားသော အနာနာကျင်မှုနှင့် အနာကျက်မှုများ အပေါ်တွင် တင်ပါးဆုံ ကြမ်းခင်းကြွက်သား လေ့ကျင့်ခန်း၏ အကျိုး သက်ရောက်မှု”   သုတေသန စာတမ်းကို လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာဇာခြည်မင်းက “ကိုယ်ဝန်ဆောင်လူနာများ ကလေးမီးဖွားရာတွင် နာကျင်မှု သက်သာစေရန် ပါရာစီတမော ဆေးသွင်းခြင်းနှင့် ထရာမဒေါထိုးဆေး(Tramadol Injection) တို့၏ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ခြင်း}} သုတေသနစာတမ်းကို လည်းကောင်း၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာယဉ်မွန်စန်းက “ကလေးမီးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များကို ကလေးမီးဖွားရာတွင်   နာကျင်မှု သက်သာစေရန် ပါရာစီတမော အကြောသွင်း ဆေးရည် (Paracetamol Infusion)နှင့် ဟိုင်ရိုစင်း ထိုးဆေး (Hyoscine But-ylbromide)ကိုထိုး၍ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်လေ့လာခြင်း” သုတေသန စာတမ်းကို လည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ     သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာနွယ်နီပိုင်က “သားအိမ်ထုတ်မည့် လူနာများကို Haemocoagulase ထိုးဆေးနှင့်  Tranexamic acid  ထိုးဆေးပေးပြီး ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် သွေးဆုံးရှုံးမှုနှင့် ထိုဆေးတို့၏ ဘေးထွက် ဆိုးကျိုးများကို လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊  မြောက်ဥက္ကလာပဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာအိအိဌေးက “ကိုယ်ဝန်စောင့်ရှောက်မှု ခံယူခြင်းနှင့်    ယင်းကိုသက်ရောက်စေသော အကြောင်းအရာတို့ကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊    ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ကထိက ဒေါက်တာ နန်းယုဇနဇော်က “ဗဟိုအမျိုးသမီးဆေးရုံ ရန်ကုန်သို့လာရောက်ပြသသော ကလေးရရန်ခက်ခဲသော   အမျိုးသမီးများတွင် မျိုးပွားခြင်းနှင့်သက်ဆိုင်သော ဗဟုသုတ၊ ခံယူချက်သဘောထားနှင့် ထိုရောဂါအတွက် ကုသမှုရှာဖွေပုံ အမူအကျင့်များကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)မှ လက်ထောက်ကထိက ဒေါက်တာအေးသဒ္ဒါက “မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးတွင် မီးနေသည်   ပိုးဆိပ်သင့်ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်သော အချက်အလက်များကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာနမှ   ဒေါက်တာကြေးမုံထွေးက “ရန်ကုန် ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသမှု စတင်ခံယူမည့် ကင်ဆာဝေဒနာရှင်များ၏ အာဟာရမပြည့်ဝမှု အခြေအနေကို Subjective Global Assessment Tool  ကို အသုံးပြု၍   ဆန်းစစ်လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝေက “ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများစခန်းမှ အသက်ငါးနှစ်အောက် ကလေးများ၏ အာဟာရအခြေအနေအား လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊   သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ကလေး)မှ ကျောင်းအုပ်ဒေါ်ဟေမာန်ဦးက “အထွေထွေရောဂါကု ဆေးရုံကြီး   မန္တလေးရှိ သူနာပြုများ၏ လုပ်ငန်းခွင် ယဉ်ကျေးမှုနှင့် အလုပ်အပေါ် စိတ်ကျေနပ်မှုကို လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ (ခုတင်-၅၀၀) အထူးကုဆေးရုံကြီးမှ   ဆေးရုံအုပ် ဒေါက်တာအောင်လင်းအေးက “မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများရှိ အကူသူနာပြု သင်တန်းသူ/သားများကြား   စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် ကျေနပ်မှုများအပေါ် သတိပဋ္ဌာန် အစီအစဉ်၏ အကျိုးသက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊      မြို့နယ်ကျန်းမာရေးမှူး (တောင်ကြီး)ဦးသန်းစိုးဦးက “ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်  အင်းလေးကန်ဒေသရှိ စိုက်ပျိုးရေးလုပ်သားများတွင် ပိုးသတ်ဆေးသုံးစွဲမှုနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ အခြေအနေနှင့် ပိုးသတ်ဆေးသုံးစွဲမှု ဘေးကင်းမှုဆိုင်ရာ  အမူအကျင့်များကို လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)မှ ကထိက ဒေါက်တာခင်ချိုအေးက “မကွေးမြို့ရှိ ပထမနှစ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏    လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆိုင်ရာ အသိပညာများ မြှင့်တင်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း ဖတ်ကြားတင်ပြခဲ့ကြသည်။

စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်း ဆွေးနွေး အကြံပြုကြသည်။