PDF အမည်ခံ အကြမ်းဖက်သမားများကို တိုက်ခိုက်ရေး ဒရုန်းဝယ်ယူရန် ရေနံချောင်း မြို့မရဲစခန်းက ပြည်သူများထံ ငွေကြေးခြိမ်းခြောက်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

PDF အမည်ခံ အကြမ်းဖက်သမားများကို တိုက်ခိုက်ရေး ဒရုန်းဝယ်ယူရန် ရေနံချောင်း မြို့မရဲစခန်းက ပြည်သူများထံ ငွေကြေးခြိမ်းခြောက်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းက PDF အမည်ခံ အကြမ်းဖက်သမားများကို တိုက်ခိုက်ရေးအတွက် ဒရုန်းဝယ်ယူရန် ဇန်နဝါရီ ၂၅ ရက် နေ့က ပြည်သူများထံမှ ငွေကြေးခြိမ်းခြောက်တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်း အမှားများသာဖြစ်ပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံမှုမရှိကြောင်း ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေပြီး ပြည်သူများ အား ကြောက်ရွံ့ထိတ်လန့်လာစေကာ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား လာစေရန် ဝါဒဖြန့်လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။