လွိုင်ကော်မြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးများကျဲချမှုကြောင့် နှစ်ထပ်ဈေးတစ်ဝိုက် ဆိုင်းခန်းများနှင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

လွိုင်ကော်မြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးများကျဲချမှုကြောင့် နှစ်ထပ်ဈေးတစ်ဝိုက် ဆိုင်းခန်းများနှင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေးကို ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချမှု ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို လူ မှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းနှစ်ထပ်ဈေးသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများမှ လက်လုပ်လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ပြီး ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်များတွင် လုပ်ကြံ ရေးသားဖြန့်ဝေနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။