နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူနှင့် မန်းငြိမ်းမောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် လုံခြုံရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေး ‌နွေးကြရန်လိုပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ကြည့်၍ လုံခြုံရေးအရ ထိခိုက်စေနိုင်မည့် ကိစ္စရပ်များကို ကြိုတင်ဆွေးနွေးကာကွယ်ခြင်းဖြင့် ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် Non-CDM ဝန်ထမ်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ၊ တရားမဝင်ကုန် စည်စီးဆင်းမှုများ၊ သတင်းအတု၊ သတင်းမှားများ ဖြန့်ဝေ၍ ပြည်သူလူထု ကြောက်ရွံ့ အောင်ဆောင်ရွက်ခြင်းများအပြင် အခြားသောနည်းလမ်းမျိုးစုံဖြင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ယွင်းအောင် လုပ်ဆောင်မှုများသည် လုံခြုံရေးအရ သတိပြုရမည့် ကိစ္စရပ် များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များကို စုပေါင်းလုပ် ဆောင်မှုများဖြင့် ဆောင် ရွက် သွားကြရမည်ဖြစ်ကြောင်း။

 မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် နိုင်ငံရေးအပြောင်းအလဲများမှတစ် ဆင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခများ၏ အခြေခံဖြစ်သည့် ဆူပူ ဆန္ဒပြမှု အဆင့်မှ အကြမ်းဖက်မှုအဆင့်အထိဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တိုင်းပြည်တည်ငြိမ် အေးချမ်း မှုကို ပြိုကွဲစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်၊ လူရွယ်များအား အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို လုပ် ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံတွင်းရှိ အချို့မြို့နယ်များ၌ လက်နက်ကိုင် အကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် အတူ တကွ ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကို ကာကွယ်ရန်အဓိက တာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်း ကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်း လုံ ခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးဖြစ် ပြီး သက်ဆိုင်ရာဒေသအလိုက် အထွေထွေအုပ်ချုပ်ရေးမှ အဓိကတာဝန်ရှိသည့် အုပ်ချုပ် ရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူတကွပူးပေါင်း၍ ပြည်သူလူထု၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မှတ်ပုံ တင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍ ဆွေးနွေးပြော ကြားခဲ့ပြီး ပြည်သူအားလုံးပါဝင်သည့် ပြည်သူလုံခြုံရေးစနစ်ကို ဖော်ဆောင်ရန် ဆွေးနွေး ခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည်လည်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အဓိကမှာ အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေး စနစ်ကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ် မှ တဆင့် ပြည်သူ့ ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိ ရောက် ရောက်နှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင် ရာ  တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းရပ်များကို ကျေပွန်ရန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုပြီး ပြည်သူလူထုက အားကိုးယုံကြည်ရသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်စေ ရေး စည်းကမ်းပိုင်းအရ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုဖြင့် တည်ဆောက်မှသာလျင် ပြည်သူလူထုက ပူးပေါင်းပါဝင်မည်ဖြစ်သည့်အတွက် စည်းကမ်း ကောင်းသည့် နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းသက်တမ်းကာလ တစ် လျှောက် မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံကို ကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒများ၊ ဦးတည်ချက် များကို အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ့ကောင်းရာ၊ ကောင်းကျိုး ကို သတ်မှတ် သက်တမ်းကာလ တစ်ခုအတွင်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးကိုသာကြည့်၍ တာဝန် ထမ်းဆောင်ကြရန်လိုကြောင်း။

တရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၌ ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်နေခြင်းများရှိပြီး စီးပွားရေးသမားများအနေဖြင့် ဝိသမလောဘ များဖြင့် ၎င်းတို့၏ကိုယ်ကျိုး စီးပွားအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ကုန် သွယ်ရေး၊ စီးပွားရေးအပြင် လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများမှတဆင့် လက်နက်ကိုင်အကြမ်းဖက်သမားများထံသို့ ငွေကြေး များ စီးဆင်းမှုများဖြစ်ပေါ်စေပြီး ၎င်းမှတဆင့် လုံခြုံရေးအရထိခိုက်မှုများကို ဖြစ်ပေါ်လာ စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လည်း ဘိန်းစိုက်ပျိုးမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများကို ယခုထက်ပိုမို၍ ဖော်ထုတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြခြင်းဖြစ်သဖြင့် တရုတ်၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂကဲ့သို့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက် ကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။

နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များဆောင်ရွက်ရာတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အတူတကွ ဆွေးနွေး ကြပ် မတ် ဆောင်ရွက်ရမည်ဖြစ်သဖြင့် တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အတွက် အပြုသဘောဖြင့် ဆွေးနွေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီတွဲဖက်အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည် ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များဖြည်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် မိမိတို့အနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့် စစ်ရေးအား၊ စီးပွားရေးအားနှင့် နိုင်ငံ ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း၊ အဓိကမှာ စီးပွားရေးအားကောင်းမွန်ရန် အထူး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ဝ အောင်မြင်စွာစိုက်ပျိုးနိုင်မှုမရှိခြင်းနှင့် စက်ရုံ၊အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုများ အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိမှုတို့ကြောင့် စီးပွားရေးအရ အားနည်းချက်များ ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ စစ်အင်အားကြီးသည့်နိုင်ငံများ၊ စီးပွားရေးအင် အားကောင်းမွန် သည့် နိုင်ငံများကို အခြားနိုင်ငံများမှ ဝင်ရောက်မစွက်ဖက်ရဲသည်ကို တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အားများ ကောင်းမွန်စေရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လို ကြောင်း။

နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေး သည်ကို တွေ့ရကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ကျော်လွန်လာပြီ ဖြစ်သော် လည်း နိုင်ငံရေးခိုင်မာအောင်တည်ဆောက် နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့ အနေဖြင် စစ်မှန်စည်ကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည့် နိုင်ငံရေး မျှော်မှန်းချက် ၂ ရပ်ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည် ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါ မျှော်မှန်းချက်များအတိုင်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာရှိနေသေးကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) သည် မဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံထားသည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါအခြေခံဥပဒေသည် ပြည်သူ အများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဌာန်းထားခြင်းဖြစ်သဖြင့် ကျော်လွန် ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီသာထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း၊  မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုး ပေါင်း ၁၃၅ မျိုးရှိပြီး လူများစုရှိသည့် တိုင်းရင်းသားများရှိသကဲ့သို့ လူနည်းစု တိုင်းရင်းသားများလည်း ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက် ရွေးကောက်ပွဲကို PR  စနစ်ဖြင့်ပြုလုပ်နိုင်ရန် ဆွေးနွေး ဆောင်ရွက်နေကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း။

နိုင်ငံအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး အခြေအနေမှန်များ သိရှိနိုင်အောင် ဆောင် ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှ တာဝန်ရှိသူများအားလုံးအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလို ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။