ဝမ်းရေထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
သူ့နောက်တွင် သေနတ်သံများ၊ အော်ဟစ်ဆဲဆိုသံ များနှင့်အတူ ဦးဘကျော် တပည့်သုံးယောက်တို့ ပြေး လိုက်လာကြသော အသံတွေကလည်း ထက်ကြပ်မကွာ ပါလာလေသည်။
ဟို ဟိုမှာ၊ ပြေးပြီ ပစ်ကွ ပစ်ကွ
ဒိုင်း
ဒိုင်း
လယ်ကွင်းပြင်ထဲ၌ပြေးနေသော ကိုထွန်းငြိမ်းသည် နောက်ကပြေးလိုက်လာကြသူများနှင့် သေနတ်သံ အဆုံးတွင် ကျောကုန်းထဲမှာ ပူခနဲခံစားလိုက်ရသည်။ ပြီး လယ်ကန်သင်းတစ်ခုနှင့် ခလုတ်တိုက်ကာ ဟပ် ထိုးလဲကျသွားသည်။
ဟေးကောင်၊ မင်း မသေချင်ရင် လက်နက်ချလိုက်ပါကွ
ဝင်းဝင်းလက်လက် ဖြတ်ပြေးသွားကြသော လက် နှိပ်ဓာတ်မီးရောင်နှင့်အတူ သူ့အား လက်နက်ချရန် အော်ပြောသံကိုလည်း အတိုင်းသားကြားနေရသည်။
ပူခနဲ ခံစားလိုက်ရသော ကျောကုန်းထဲမှ သွေးစိမ်း ပူပူနွေးနွေးတို့သည် ခါးထိစီးကျလာကြလေပြီ။ ကြောက် ရွံ့သွေးလန့်သွားသဖြင့် ကိုထွန်းငြိမ်း၏မျက်နှာမှာ ချက်ချင်းဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
ဟေး မင်းမသေချင်ရင် လက်နက်ချလိုက်ပါကွ
ကိုထွန်းငြိမ်းသည် လယ်ကန်သင်းဘေး၌ မြှောင် ကပ်ကာ စိတ်ဓာတ်ပျက်ပြားနေသည်။
သူတို့ပြောသလို ငါလက်နက်ချလိုက်ရင် ကောင်း မလား။ အိုး...ငါလက်နက်ချရင်လည်း သူတို့ ငါ့ ကို သတ်ပစ်ကြမှာပါပဲ။ မထူးပါဘူး။ ငါပြေးမှ ငါပြေးမှ
]ပြေးမှ ပြေးမှ} ဟု စိတ်ထဲကဆုံးဖြတ်ရသော်လည်း ဒီလိုအတွေ့အကြုံမျိုးကို တစ်ခါဖူးမျှ မတွေ့ဖူး၊ မကြား ဖူးသော ကိုထွန်းငြိမ်းမှာ ဘယ်ဘက်ပြေးရမှန်းမသိ ဖြစ်နေသည်။ ညကြီးမင်းကြီးဖြစ်သည့်အပြင် ကြောက် ရွံ့စိတ်နှင့် ဇောချွေးတွေပြန်ကာ မျက်စိလည်သွား၏။
ကိုထွန်းငြိမ်းသည် အရှေ့အနောက်၊ တောင်မြောက် ကိုပင် မှန်မှန်ကန်ကန်မသိတော့ပေ။
ထိုအချိန်၌ပင် သူ့ခေါင်းပေါ်မှ လက်နှိပ်ဓာတ်မီး ရောင်တန်းများ ဖြတ်ပြေးသွားကြသည်။
]]ဟေးကောင်၊ မင်း ဘယ်ပြေးပြေး တို့လက်ထဲက မလွတ်နိုင်ပါဘူး။ မင်း မသေချင်ရင် လက်နက်ချပါကွ}}
အသံမှာ ပို၍နီးကပ်လာသည်။ လက်နှိပ်ဓာတ်မီး ရောင်တွေကလည်း ပို၍လင်းလာသည်။
ကိုထွန်းငြိမ်းသည် ကြောက်ကြောက်ရွံ့ရွံ့နှင့် လယ်ကန်သင်းကို အကာအကွယ်ယူကာ နောက်သို့ ခေါင်း ပြူ၍ကြည့်လိုက်၏။
သူ့နောက် လိုက်လာကြသောလူတွေကို အမှောင်ထဲ၌ မမြင်ရသော်လည်း လက်နှိပ်ဓာတ်မီးနှင့်ထိုးပြီး ရှာလာကြသည်တော့ နီးနီးကပ်ကပ်ပင် မြင်လိုက်ရ သည်။
မထူးတော့ဘူး ဟူသောအသိနှင့် ကိုထွန်းငြိမ်း သည် ဓာတ်မီးနှင့်ထိုးလိုက်သောလူဆီကို သေနတ် နှင့်ထိုးချိန်ကာ ပစ်ထည့်လိုက်၏။
ဒက်-ဒက်-ဒက်-ဒက်-ဒက်
အိုင့် အင်း
အော်တိုမစ်တစ်ထွက်သွားသော သေနတ်သံနှင့် အတူ အသံနက်ကြီးနှင့်အော်လိုက်သော လူတစ်ယောက်၏ အသံကိုလည်း ချောက်ချားဖွယ်ရာကြား လိုက်ရသည်။
ဓာတ်မီးရောင်သည် ချက်ချင်းပျောက်သွား၏။
နောက်ကလိုက်လာကြသူတွေကို ပစ်ထည့်လိုက်စဉ်ကမူ တစ်ချက်၊ နှစ်ချက်သာထွက်လိမ့်မည်ဟုထင် သောသေနတ်က ယခု လေးငါးချက်ပင်ထွက်သွားသောအခါ ခဏတော့ ကိုထွန်းငြိမ်းမှာ ကြောင်သွား ပြန်သည်။
နောက်ကလိုက်လာကြသူတွေ၏အသံက ရပ်သွားသော်လည်း ဒိုင်းခနဲ သေနတ်သံတစ်ချက်နှင့်အတူ သေမင်းတမန်ကျည်ဆန်တစ်တောင့်သည် သူ့ခေါင်း ပေါ်က ကျော်ပြေးသွားသည်။
ဒိုင်း
နောက်ထပ် သေနတ်သံတစ်ချက်သည် နီးနီးကပ် ကပ်လာ၍ပေါက်ကွဲသွားသောအခါ ကိုထွန်းငြိမ်းမှာ ရုတ်တရက်လန့်ပြီး သေနတ်သံကြားရာကို တည့်ပစ် လိုက်ပြန်၏။
ဤတစ်ခါလည်း သူ့သေနတ်က ကျည်များသည် အတိုင်းအဆမရှိ တဒက်ဒက်နှင့် လေးငါးခြောက် တောင့် ထွက်သွားပြန်၏။
မှောင်ကြီးမည်းကြီးထဲတွင် သူ့သေနတ်က ထွက် သွားသောကျည်တောင့်များသည် လယ်ကွင်းထဲရှိ ရေ ပြင်ကို ထိမှန်သွားကြသည်။ ပေါက်ပေါက်ဖောက်သလို ရေပြင်၌ ဖွေးဖွေးလှုပ်လှုပ်ရေပန်းများ ပွင့်သွားသည် ကိုလည်း မှောင်ကြီးမည်းကြီးထဲ လှမ်းမြင်လိုက်ရ၏။
ဒိုင်း
ဒိုင်း
နောက်ကလိုက်လာသူတွေကလည်း သူတို့၏ ထင်ရာမှန်းရာကို သေနတ်နှင့် တစ်ချက်ချင်းလှမ်းပစ် ကြသည်။
ဆက်လက်ဖော်ပြပါမည်။