တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အစိုးရပါဠိပထမပြန်နှင့် နိကယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့ကြသည့် စာအောင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စာအောင်လက်မှတ်၊ စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အစိုးရပါဠိပထမပြန်နှင့် နိကယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့ကြသည့် စာအောင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စာအောင်လက်မှတ်၊ စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ ၂၇ ရက်

          တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အစိုးရပါဠိပထမပြန်နှင့် နိကယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့ကြသည့် စာအောင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စာအောင်လက်မှတ်၊ စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့၊ လေးကျွန်းဆီမီးစေတီတော်ကြီး၏ ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒစရိယ လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန အမှူးပြုသော သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒစရိယ လှည်းဘီး ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး စာအောင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စာအောင် လက်မှတ်၊ စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွရောက်တော်မူကြသော သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။