တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

 

တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီလ ၂၇ ရက်

          ပဲခူးတိုင်းဒေသကြိး၊ တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲ တော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကျောင်းရန်ပုံငွေအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

          ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ကာယ၊ ဉာဏ ထူးချွန်ဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။