မွန်ပြည်နယ် ချောင်းနှစ်ခွ ရဲစခန်းအနီးဝန်းကျင် နေအိမ်များအား တပ်မတော်မှ မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်မှ လူသားဒိုင်း အသုံး ပြုလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

 

မွန်ပြည်နယ် ချောင်းနှစ်ခွ ရဲစခန်းအနီးဝန်းကျင် နေအိမ်များအား တပ်မတော်မှ မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်မှ လူသားဒိုင်း အသုံး ပြုလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၇ ရက်

          မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေ ရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်များကို တပ်မတော်မှ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန်ရေး သားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွလုံခြုံရေးစခန်း အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် PDF အမည်ခံအကြမ်းဖက် သမားများနှင့် KNLA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့ကာ စခန်းဝန်းကျင်ရှိ နေအိမ်များတွင် ဝင်ရောက် နေရာယူ၍ ကတုတ်ကျင်းများ ၊ ဘန်ကာများ တူးဖော်အသုံးပြု တိုက်ခိုက်ခြင်း အပါအဝင် လူနေအိမ်များရှိ ပစ္စည်းများယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် လုပ်ဆောင်မှု များကြောင့် ကျေးရွာရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

          အလားတူ ဇန်နဝါရီ ၂၂ ရက်နေ့မှစ၍ တပ်မတော်မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံများအား လူသားဒိုင်းပြုလုပ်ပြီး အသုံးပြုလျက်ရှိကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး တပ်မတော်အနေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း လိုအပ် သောလုံခြုံရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသားထားသည့် သတင်းမှားသာ ဖြစ်ကြောင်း သတင်းရရှိသည်။