(၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ တတိယနေ့ သုတေသန စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

 

(၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ တတိယနေ့ သုတေသန စာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၇

    ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ     သုတေသန ညီလာခံကို  ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့် အဖြစ် Naypyitaw State Academyတွင် ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ထားသည့်အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသန စာတမ်းများကိုဖတ်ကြားကြပြီး တက္ကသိုလ် အသီးသီးက သုတေသန ပိုစတာများနှင့်ပြကွက်များကို ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ သုတေသနစာတမ်း ဖတ်ကြားနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊      ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပလျက်ရှိသည့်    ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံတွင် ပညာရေးဝန်ကြီး ဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာနခြောက်ခုမှ ပညာရေး ဝန်ကြီးဌာနတွင်  ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက  ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာ သုတေသနစာတမ်း(၇)စောင်၊ ဘာသာစကား သုတေသနစာတမ်း(၁)စောင်၊ ဓာတုဗေဒ သုတေသနစာတမ်း (၅)စောင်၊ ရူပဗေဒ သုတေသနစာတမ်း (၅)စောင်၊ သင်္ချာသုတေသန စာတမ်း(၄)စောင်၊ ကွန်ပျူတာသိပ္ပံ သုတေသနစာတမ်း(၃)စောင်၊ အဏ္ဏဝါသိပ္ပံ သုတေသနစာတမ်း(၃)စောင်၊ သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်း(၃)စောင်၊ ရှေးဟောင်း သုတေသနစာတမ်း(၄)စောင်၊ မနုဿဗေဒ သုတေသနစာတမ်း(၃)စောင်၊ နိုင်ငံတကာ သုတေသနစာတမ်း(၅)စောင်၊ အရှေ့တိုင်း သုတေသနစာတမ်း(၃)စောင်၊ ကုန်ထုတ်ဓာတု သုတေသနစာတမ်း(၄)စောင်၊ ခရီးသွား သုတေသနစာတမ်း(၃)စောင်၊ စာကြည့်သုတ သုတေသနစာတမ်း(၂)စောင်၊ သမိုင်းသုတေသန စာတမ်း(၇)စောင် တို့ကို စာတမ်းရှင်က ဖတ်ကြားခဲ့ကြပြီး ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနစာတမ်း စုစုပေါင်း ၆၁ စောင်  ဖတ်ကြားဆွေးနွေးကြရာ မြန်မာနိုင်ငံ  ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။