မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၇

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ၏  (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီလ၂၅ ရက် နံနက်  ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊  ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ နှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင်က ဘာသာရပ်အလိုက် ပညာရည် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူကိုးဦးကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာဘွဲ့ရ ၂၇ ဦး၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ  ၃၅ ဦး၊ ဆိပ်ကမ်း အင်ဂျင်နီယာဘွဲ့ရ ၂၉  ဦး၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့ရ လေးဦး၊   ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရ  ၁၆ ဦး၊ ရေကြောင်းစက်မှု အင်ဂျင်နီယာဘွဲ့ရ   ၁၂  ဦး၊ ရေကြောင်းသိပ္ပံ ဂုဏ်ထူးဘွဲ့ရ    ရှစ်ဦး၊ရေကြောင်းသိပ္ပံ ဘွဲ့ရနှစ်ဦး၊ သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှု၊     ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူ ပို့ဆောင်ရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ ၇၆ ဦး  စုစုပေါင်း ဘွဲ့ရရှိသူ ၂၀၉  ဦးတို့ကို သက်ဆိုင်ရာဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့ လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ ဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၇)ကြိမ် ကျင်းပခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ ၃၃၂၅ ဦးနှင့်  သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ ၁၁၇၉ ဦး၊    ဒီပလိုမာဘွဲ့ရရှိသူ ၁၁၉၀၊ အင်ဂျင်နီယာဒီပလိုမာ ဘွဲ့ရရှိသူ ၁၁ ဦးနှင့်  မဟာဘွဲ့ရရှိသူ ၂၂ ဦး စုစုပေါင်းဘွဲ့ရရှိသူ  ၅၇၂၇  ဦးကို  မွေးထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။