အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (ဒုတိယနေ့)ဆက်လက်ဆောင်ရွက်

 

အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (ဒုတိယနေ့)ဆက်လက်ဆောင်ရွက်

နေပြည်တော်၊  ၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်

တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ် သည်။

အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဦးဆန်းဦး နှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုနိုင်လင်းဦး တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၃ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့် ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူ များက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။