မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးအပ်

 

မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၉ ရက်

          မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်း ခန်းမ၌ တွေ့ဆုံသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

          ထို့ပြင် မွန်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန် ထမ်းဆောင် ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်း ခံရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့်ရာထူး တပ်ဆင်ပေး၍ ဂုဏ်ထူးဆောင် တံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။