ရမ်းဗြဲမြို့လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ကြောင်း နှင့် မြောက်ဦးမြို့ကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့သေ ဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ် အချို့မီးလောင်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို ရေးသား ဖ

 

ရမ်းဗြဲမြို့လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ကြောင်း နှင့် မြောက်ဦးမြို့ကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့သေ ဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ် အချို့မီးလောင်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၉ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန် သတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် ရမ်းဗြဲမြို့အားဝင်ရောက် တိုက်ခိုက်နေသည့် AA သောင်းကျန်းသူများအား ထိရောက်သော လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ AA သောင်းကျန်းသူများအနေဖြင့် ထိခိုက်ကျဆုံးမှု များပြား လာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် တပ်မတော်မှ အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ပြည်ဖျက် မီဒီယာများအားကိုးကာ သတင်းမှားများ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော် အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့် တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း အကြိမ်ကြိမ် သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ဇန်နဝါရီ ၂၇ ရက်နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး၊ ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် AA သောင်းကျန်းသူများက မြောက်ဦးမြို့ကို Drone ဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ လူနေအိမ်များပေါ်သို့ ဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နေအိမ်များ မီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများသည် AA သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် မဟုတ်မမှန်သတင်းများဖြင့် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်၊ ပြည်သူများမှ အထင်အမြင်လွဲမှား စေရန်တို့အတွက် သတင်းမှားများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါသည်။