ညောင်တုန်းမြို့တွင် ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေပြီး ပြန်ရွေးခြင်း မရှိပါက ရောင်းချနေကြောင်းနှင့် ဇလွန်မြို့နယ်တွင် မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းတောင်းခံနေကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မ

ညောင်တုန်းမြို့တွင် ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေပြီး ပြန်ရွေးခြင်း မရှိပါက ရောင်းချနေကြောင်းနှင့် ဇလွန်မြို့နယ်တွင် မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရန် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းတောင်းခံနေကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများပြုလုပ်နေပြီး တစ်ပတ်အတွင်း ပြန်လည် ရွေးယူနိုင်ခြင်းမရှိသည့် ဆိုင်ကယ်များကို ပြန်လည်ရောင်းစားလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် လုပ်ကြံရေးသားသည့် ကောလာဟလသတင်းမှားသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ ဇလွန်မြို့နယ် မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင် စမတ်ကဒ်ပြုလုပ်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းတောင်းခံလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး မှန်ကန်မှုမရှိကြောင်းနှင့် ကောလာဟလ သတင်းမှားသာဖြစ်ကြောင်း  သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အကြမ်းဖက်အားပေး  တရားမဝင်မီဒီယာများသည် တည်ငြိမ်အေးချမ်းမှုပျက်ပြား စေရန်နှင့်ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ကောလာဟလ သတင်းတု၊ သတင်းမှားများအား လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။