လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့မှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့မှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၃၁ ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ လည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့မှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေခံ သင်တန်းကျောင်းခန်းမများ၌ အသီးသီး သွားရောက်တွေ့ဆုံသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။ ယင်းနောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။