ပလက်ဝမြို့ရှိ ဟုမ်းကျေးရွာကို တပ်မတော်က ဒုတိယအကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

 

ပလက်ဝမြို့ရှိ ဟုမ်းကျေးရွာကို တပ်မတော်က ဒုတိယအကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်

          ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။

          အဆိုပါ သတင်းနှင့် ပတ်သက်၍ မြေပြင်သတင်းပေးပို့ချက်များနှင့် ပလက်ဝ မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ၎င်းရက်နေ့တွင် ပလက်ဝမြို့နယ်အတွင်း လေကြောင်းဗုံးကျဲမှုမပါရှိကြောင်း တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများမှ တပ်မတော်အား မဟုတ်မမှန် သတင်းများဖြင့် ဂုဏ်သိက္ခာ ကျဆင်းလာစေရန်၊ တပ်မတော်နှင့်ဒေသခံ ပြည်သူ များအကြား အထင်အမြင်လွှဲမှားစေရန် လုပ်ကြံရေးသားနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။