​​​​​​​ပုလဲမြို့နယ်၊ ကံကြီးရွာကို တပ်မတော်က လေကြောင်းမှဗုံးကျဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ပုလဲမြို့နယ်၊ ကံကြီးရွာကို တပ်မတော်က လေကြောင်းမှဗုံးကျဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကံကြီးရွာကို ဇန်နဝါရီ ၃၁ ရက်နေ့က တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံး ခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်တွင် မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်ရာတွေ့ရှိရသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများကို အဓိကထား၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ Drone များဖြင့် ဗုံးကျဲခြင်း၊ လက်လုပ် ဗုံးသီး၊ လက်လုပ်စိန်ပြောင်းများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်းများကြောင့် ပြည်သူများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရရှိခြင်းများနှင့် နေအိမ်များမီးလောင် ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိပါသည်။

ယခုဖြစ်စဉ်တွင်လည်း ပုလဲမြို့နယ်၊ ကံကြီးရွာကို တပ်မတော်မှဗုံးကျဲ တိုက်ခိုက် ခဲ့ခြင်းမရှိကြောင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ သိရှိရပြီး မြေပြင်သတင်းပေးပို့ချက်အရ အကြမ်းဖက်လုပ်ရပ်များကိုအားပေး ထောက်ခံခြင်း မရှိ သည့် ကံကြီးကျေးရွာကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများမှ Drone များဖြင့် ဗုံးကျဲခဲ့ခြင်း‌ကြောင့်သာဖြစ်ပြီး တရားမဝင်ပြည်ဖျက် မီဒီယာများမှ ပြည်သူများ အထင်အမြင်လွှဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိ ပါသည်။