ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

 

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များကို ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကား ဖျက်ဆီးနေသည့် အကြမ်းဖက်သမားများနှင့်  ဘာသာ ဖျက်များအား   ကန့်ကွက်ရှုတ်ချပွဲကို ကျင်းပပြုလုပ်သည်။

 အဆိုပါကန့်ကွက်ရှုတ်ချပွဲတွင် သံဃာတော်များနှင့် မျိုးချစ်ပြည်သူများက ဘာသာသာသနာအပေါ် အလေးအနက်ထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ဟောပြောဆွေးနွေးခြင်းနှင့် သဘောထားထုတ်ပြန်ချက်များ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ပြီး တက်ရောက်လာကြသူများက “ဒို့ဘာသာ၊ဒို့သာသနာကို စော်ကားသူ မှန်သမျှ(ဆန့်ကျင်ကြ)၊ အကြမ်းဖက် အားပေးလောက်ကောင် မှန်သမျှ(ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ(အလိုမရှိ)၊ ဒို့ဘာသာ ကို စော်ကားနေသည့် သာသနာဖျက်လောက်ကောင်များ (အလိုမရှိ)၊   သာသနာဖျက် အကြမ်းဖက်များအား အမြစ်ဖြုတ်သုတ်သင်ရေး(ဒို့အရေး)၊ လူသတ်အကြမ်းဖက်မှန်သမျှ (ဆန်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည် သည့် ဘုရား၊ စေတီ ၊  ဆင်းတုတော်များအား စော်ကား ဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြကြောင်း သတင်းရရှိသည်။