နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကိုကျင်းပ၍ ၆ လတာကာလအတွင်းနိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလသက်တမ်းကို ထပ်မံတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်ကာလမှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ မဲမသမာမှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးဖော်ထုတ်သွားမည် ဆိုသည့်အချက်ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများ က သာမန်ဆန္ဒပြမှုများမှတဆင့် ဆူပူဆန္ဒမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက် မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေပျက်ယွင်းသွား ကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါကအရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း။

အလားတူ EAO များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတော်တာဝန်ကိုစတင်ထမ်း ဆောင်ချိန်တွင် NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ့များအနက် KNU မှ သဘောထားတင်းမာသူအချို့၊ CNF နှင့် ABSDF တို့သည်အကြမ်းဖက် လမ်းစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးမထားသည့် အဖွဲ့များထဲမှ KIA အဖွဲ့ အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်တိုက်ခိုက် သည့်သင်တန်းများ၊ မိုင်းထောင်ဖောက်ခွဲသည့်သင်တန်းများသင်ကြားပေးပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ ပေးခဲ့ကြောင်း၊ KNPP အဖွဲ့အနေဖြင့်ဆူပူ အကြမ်းဖက်မှုကိုလိုလားသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို အကြမ်းဖက် သင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက် ခဲယမ်းများထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များဖော်လာခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်း။

ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လောက်ကိုင်ဒေသကို အင်အားအလုံးအရင်းဖြင့်  Drone များအသုံးပြု၍ Drop Bomb  များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တရားမဝင်လုပ်ငန်းများ၊ ၎င်းတို့၏မဟာမိတ်များမှ ထောက်ပံ့မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများမှရရှိခဲ့သည့် ငွေကြေး များဖြင့် အသုံးပြုခဲ့ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏တိုက်ခိုက်မှု များ လုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များပင်ဖြစ် ကြောင်း။

မိမိတို့၏ အန္နိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များတွင် အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟုပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ပြီးစီးပါက ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းချိန်တွင် စနစ်တကျဖြင့်ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် နိုင်ငံတော်ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်း ဆောင် ရွက်ရာတွင်လည်း တပ်မတော်မှတာဝန်အရှိဆုံးပုဂ္ဂိုလ်များ၊ တိုင်းရင်းသားနှင့်ဒေသများ မှ ကိုယ်စားလှယ်ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်လုပ်နိုင်စွမ်း ဦးဆောင်နိုင်စွမ်းရှိသူများကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်း ဆောင်ရာတွင် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာစစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေးပင်ဖြစ် ကြောင်း၊ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေးပင် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးမှာ များစွာ ကျယ်ပြန့် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းပြီး လူတိုင်းအေးချမ်းသာယာစွာဖြင့် လူမှု စီးပွားဘဝ များ တိုးတက်အောင်နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး အေးချမ်းစွာ ပညာ သင်ကြား နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍လည်း အားလုံး ပြေပြေပြစ်ပြစ်ရှိနေရန်လိုကြောင်း၊ သို့မှသာတိုင်းပြည်သာယာဝပြောမည် ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာ၏ Food Security အရ မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် နိုင်ငံတစ်ခုဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခြေခံကောင်းများရှိပြီး ဖြစ်သဖြင့် အကျိုးရှိစွာ ဖြင့်အသုံးချနိုင်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေးရည်မှန်းချက်များကို မဏ္ဍိုင်ပြု၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းမှာ ချမှတ်ထားသည့် မူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း၊ ရှေလုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည် ဟုချမှတ်ထားကြောင်း၊ ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့် တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မား ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချမှတ်ထားကြောင်း၊ အဓိကအားဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိ ထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ  သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်ဟု ချမှတ် ထားကြောင်း။

စတုတ္ထအချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ချမှတ်ထား ကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်းဖြတ်သန်းခဲ့ရသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍ သုံးရပ်ကိုကြည့်ပါက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် လုပ်ပိုင်ခွင့်များ နှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ပေးအပ်ထားသော် လည်း ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ဥပမာအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများတွင် လွှတ်တော်တွင်လည်း ပြင်ဆင်ရေးနှင့် ပတ်သက်၍ မှတ်တမ်းသာတင်နိုင်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမလုပ်နိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် လက်ရှိဆောင်ရွက်နေသည့်အုပ်ချုပ်မှုပုံစံ များတွင် လုပ်ပိုင်ခွင့်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရန်လိုကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်း၍ လုပ်ဆောင်၍ရကြောင်း၊ သို့သော်လည်းဥပဒေ ပြဋ္ဌာန်းမှုများကို ပြည့်ပြည့်စုံစုံဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့ လုပ်ပိုင်ခွင့်အလိုက် အပြည့်အဝလုပ်ဆောင်ခြင်း မရှိသည့်အပေါ် အားမလိုအားမရ ဖြစ်လာကြပြီး လုပ်ပိုင်ခွင့်များပေးရန် တောင်းဆိုလာကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား မိမိတို့လုပ်ပိုင်ခွင့်များ အလိုက် ဒေသအကျိုးကို ဖော်ဆောင်ပေးနိုင်သမျှ ဖော်ဆောင်နိုင်ကြောင်းကို အမြဲပြော ကြားခဲ့ကြောင်း၊ လုပ်ပိုင်ခွင့်များကို အသုံးချရာတွင်လည်း ဒေသနှင့်ဒေသခံများ၏ အကျိုးကိုသာ ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူနည်းစု၏ အကျိုးစီးပွားအတွက် အသုံးချ ခြင်းမဖြစ်စေရန်လိုကြောင်း၊လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ယခုကဲ့သို့ အကျယ်တဝင့်ရှင်းပြ နေရခြင်းမှာ  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးတွင် လုပ်ပိုင်ခွင့်များသည် အလွန်အခရာကျခြင်းကြောင့်ဖြစ်ပြီး မိမိတို့ အနေဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် လုပ်ပိုင်ခွင့်များကို တည်ဆောက်ပေး ရမည်ဖြစ်ကြောင်း။

ပဉ္စမအချက်အနေဖြင့် မဲပေးခွင့်ရှိသူများအားလုံး၏ အခွင့်အရေးများ မဆုံးရှုံး စေရေးနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်စေရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်မြောက်စေရေးအတွက် မိမိတို့အနေဖြင့် အခြေအနေဖန်တီးပေးရမည် ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရမည်၊ မဲစာရင်းများ မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့်သိက္ခာရှိသည့် လွှတ်တော်အစည်း အဝေးကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့်ပတ်သက်၍နိုင်ငံတော်၏မည်သည့်အရပ်ဒေသရှိမြို့ပြနှင့် ကျေးလက် တွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ရရှိရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးကို အချိန်ယူ၍ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက် ပွဲကိုဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီတရားမျှတသည့် ရွေးကောက် ပွဲတစ်ရပ်ကို မဖြစ်မနေဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ပတ်သက်၍ မိမိ အနေဖြင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့တာဝန် ယူထားရသည့်ဒေသများသို့ ရောက်ရှိပါက နားလည်သဘောပေါက်အောင် ရှင်းလင်း ပြောကြားရန်လိုကြောင်း။

ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း အခြားပြင်ဆင်သင့် ပြင်ဆင်ထိုက် သည့်အချက်များလည်း ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းအချက် များနှင့် အခြား ဆက်စပ်နေသည့် ဥပဒေ၊ ပုဒ်မများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် တိုင်းပြည်အတွက်အရှည်ကို မျှော်တွေး၍ ကြိုတင်စဉ်းစား နိုင်ရန် လိုပါကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်၍ ရွေးကောက်ပွဲလမ်းကြောင်းမှ တစ်ဆင့် လွှတ်တော်သို့ သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကောင်စီဝင်များက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထား သည့် တိုင်းရင်းသား အခွင့်အရေးများ မှန်မှန်ကန်ကန် ရရှိခံစားနိုင်အောင် ဆောင်ရွက် ပေးရေး၊ လာမည့်ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ခံရာတွင် တိုင်းရင်း သား လူမျိုးများ၊ မျိုးနွယ်စုများ၊ အခေါ်အဝေါ်များနှင့် စာရင်းဇယားများ မှန်ကန်အောင် စနစ်တကျ စိစစ်ကောက်ခံသွားရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည် သုံးစွဲလာအောင် ပညာပေးစည်းရုံးရေး၊ ရခိုင်ပြည်နယ် အတွင်းရှိ စပါးများ အချိန်မီရိတ်သိမ်းနိုင်ရေး၊ စားသောက်ကုန်ပစ္စည်းများ ပုံမှန်စီးဆင်းရေး၊ ပဋိပက္ခဖြစ်ပွားသည့် ဒေသများမှ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများအား လက်နက် ကိုင်အဖွဲ့အစည်းများက ခြိမ်းခြောက်အကျပ်ကိုင်နေမှု၊ ပြည်တွင်းတည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံ့ စီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့၏ အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း။

တိုင်းပြည်အနာဂတ်အတွက် ပညာရေးကိုလည်း အားပေးမြှင့်တင် သွားရမည် ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာမရှိပါက နိုင်ငံရေး၊  စီးပွားရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့တာဝန်ယူသည့် ကာလအတွင်း နိုင်ငံ့စီးပွား ရေး တိုးတက်အောင်နှင့် ပညာသင်ကြားမှု ကောင်းစွာရရှိအောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ အနာဂတ်ကို ကောင်းမွန်စေလိုပါက ပညာရေးကိုကောင်းအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဝင်များအနေဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပညာရေး အားပေး မြှင့်တင်ရေး ကိစ္စရပ်များကို ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။