ကန့်ဘလူတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါးနှင့် လူ ၁၀ ဦး ဒဏ်ရာရ ဟု မဟုတ်မမှန် သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

ကန့်ဘလူတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါးနှင့် လူ ၁၀ ဦး ဒဏ်ရာရ ဟု  မဟုတ်မမှန် သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းက သင်တောရွာ၊ ဇောချောင်းရွာနဲ့ မကျည်းကုန်းရွာ စသည့်ကျေးရွာ ၃ ရွာကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က လေကြောင်းကနေတိုက်ခိုက်မှုကြောင့် သင်တောဘုန်းကြီးကျောင်းက ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန်ဝေလျက်ရှိသည်ကို တွေရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က ကန့်ဘလူမြို့နယ်အတွင်း လေကြောင်းပျံသန်းမှု မရှိကြောင်းနှင့် သတင်းမှားသာဖြစ်ကြောင်း သိရှိရပြီး အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လှုံ့ဆော်ဝါဒဖြန့် ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။