ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် များတပ်ဆင်အပ်နှင်း

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များ တပ်ဆင်အပ်နှင်း

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ၊ ၂ ရက်

          ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား  လက်နက်တပ်ဆင် အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်း ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။

          ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က လက်နက်များ တပ်ဆင် ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ အပ်နှင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

          ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။