ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂ ရက်

          တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြန်သွားချိန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော် ၆ ပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နန်းပရုပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲခဲ့ခြင်းမရှိသလို၊ သံဃာတော်များကိုလည်း ဖမ်းဆီးခြင်း မရှိပါကြောင်း သိရှိရသည်။

ပုလောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အတွက် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ကောလာဟလ သတင်းများဖြင့် သွေးထိုးလှုံဆော်ပြီး နယ်မြေတည်ငြိမ်မှု ပျက်ပြားစေရန်အတွက် လုပ်ကြံရေးသား နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။