သင်္ဃန်းညီနောင်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထက်မနည်း ဒဏ်ရာရ ဟု မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

သင်္ဃန်းညီနောင်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထက်မနည်း ဒဏ်ရာရ ဟု မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်း၌ တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ KNLA သောင်းကျန်းသူဖွဲ့နှင့်  PDF အကြမ်းဖက်အဖွဲ့များက တပ်၊ စခန်းများကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ပြည်သူများထိမှန် သေဆုံးရခြင်းဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ များက တပ်မတော်ကပစ်ခတ်သည်ဟု သတင်းမှားများ လုပ်ကြံရေးသားကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။