ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

အခင်းဖြစ်ပွားသောညကမူ ဗိုလ်ညိုတို့သည် ဤရွာ၌ မရှိကြပေ။ သူ တို့တပ်သည် လက်ပန်ဘက်ရောက်နေ၏။ ဦးဘကျော် တပည့်နှစ်ယောက်က အကြောင်းစုံလာပြောမှသိရပြီး လက်ပန်ဘက်က အလျင်အမြန်လိုက် လာခြင်းဖြစ်သည်။

အဒေါ့်သမီးလေးက သွေးနုသားနုပါ ကလေးတို့ရယ်။ လူလေးတို့ ဗိုလ်ကြီးကို တစ်ဆိတ်လောက် တောင်းပန်ပေးပါ

အို မလိုက်ဘူး၊ မလိုက်ဘူး။ ရှင်တို့နဲ့ကျွန်မ မလိုက်ရဲဘူး။ အမေ အမေရေ သမီးကို ကယ်ပါဦး အမေရယ်။ ဒီလိုပဲ ကြည့်နေကြတော့မှာ လား အရပ်ကတို့ရယ်

ဟောဗျာ ဒုက္ခပါပဲ။ ခင်ဗျား အပြစ်မကြီးကြီးအောင် လုပ်တယ်ဗျာ။ ခက်တာပဲ

သူက မခင်မှီလက်ကို လှမ်းဆွဲသောအခါ အကြောက်လွန်နေသူ မခင်မှီမှာ အတင်းရုန်းပစ်လိုက်ပြီး အော်ငိုသဖြင့် ရဲဘော်ဖြူမှာ ရုတ်တရက် လက်တွန့်သွားသည်။ ပြီးစိတ်ရှုပ်သွားသလိုနှင့် သူ့ခေါင်းကို တဖြင်းဖြင်း ကုတ်လိုက်ကာ ခြူသံပါအောင် ညဉ်းတွားလိုက်၏။

ခက်တာပဲ၊ ခင်ဗျားကို ကျွန်တော်တို့ဗိုလ်ကြီးက သူမေးချင်၊ သိချင် တာတွေ ခဏမေးပြီး ပြန်ပို့ပေးမှာပေါ့ဗျ။ အလကား အပြစ်မရှိတာ ရှိ အောင်လုပ်နေတယ်။ ကိုထွန်းငြိမ်းနဲ့ ဦးဘကျော်ကိစ္စ မေးပြီးရင် ကျွန်တော်တို့ပဲ ခင်ဗျားကို ပြန်ပို့ရမှာ။ အဲဒါ လူတွေကြားရင် သက်သက်အထင် အမြင်လွဲအောင် လုပ်နေတယ်

ဟုတ်ပါတယ်  အစ်မရယ်၊  ကျွန်တော်တို့နဲ့  ခဏ  လိုက်ခဲ့စမ်းပါ။ အစ်မ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်တို့ တာဝန်ယူပါတယ်။ အစ်မ  ခုလို အော်ကြီးဟစ်ကျယ်လုပ်နေတော့ လူလည်းကြားတယ်။ ဗိုလ်ကြီး သိရင် စိတ်ဆိုးပြီး ပိုပြီးအပြစ်ကြီးနေပါဦးမယ်။ အေးအေးဆေးဆေးသာ လိုက်ခဲ့စမ်းပါ။ ဘာမှလည်း ကြောက်စရာမရှိပါဘူး။ မကြာခင် အစ်မကို ကျွန်တော်တို့ ပြန်ပို့ပေးမှာပါ

ဤတစ်ခါတော့ ရဲဘော်ဖြူကြီးတင်မက ရဲဘော်ဖြူလေးကပါ တောင်း ပန်သံနှင့် ဝင်ပြောသည်။

ဤရဲဘော်ဖြူလေး၏အသံမှာ တကယ်စိတ်မကောင်းပုံရ၏။ သူသည် တာဝန်အရသာ လုပ်နေရသော်လည်း မခင်မှီတို့သားအမိအပေါ်တွင် သနားကြင်နာနေသည်ကိုတော့ မမေးဘဲနှင့် သိနိုင်လေသည်။

အဒေါ်ကလည်း သွေးနုသားနု  မိန်းမသားတစ်ယောက်တည်း ညကြီးမင်းကြီးမို့ တောင်းပန်နေတာပါ ကလေးတို့ရယ်၊ နို့မို့ရင်

တော်...တော်ပြီ၊ ခင်ဗျားကို ကောင်းကောင်းမွန်မွန်ပြောလို့ ခေါ် လို့မရရင် ဖမ်းခေါ်ရလိမ့်မယ်ဗျ သိလား။ ဒါ ပေါ့တဲ့ကိစ္စမဟုတ်ဘူး။ နိုင်ငံရေးကိစ္စ၊ စပိုင်ကိစ္စဗျ၊ ဘာမှတ်သလဲ

ရဲဘော်ဖြူကြီး အော်လိုက်သောအခါ မခင်မှီတို့အမေမှာ စကားရှေ့ မဆက်ရဲအောင် ဖြစ်သွားလေသည်။

မလိုက်ဘူး၊ ကျွန်မ မလိုက်ဘူး။ အမေရယ် အမေမလိုက်လို့မရဘူး။ ဟေ့ကောင် ဘာငိုင်နေတာလဲ၊ သေနတ်အသင့် ပြင် သွားမယ်။ ခင်ဗျား မသေချင်ရင် နောက်ထပ်အသံမထွက်နဲ့၊ ဒါပဲငိုင်နေသောရဲဘော်ဖြူလေးက ရုတ်တရက်ထပြီး သေနတ်ကို ဖြိုးဖြိုး ဖြောက်ဖြောက် အသံမြည်သွားအောင် မောင်းတင်လိုက်သောအခါ မခင် မှီမှာလည်း အကြောက်လွန်သွားကာ မျက်လုံးပြူးသွားလေသည်။ ပြီး ပါးစပ်ကလည်း ဟပြီး သတိမေ့သလို အသံတိတ်ကြောင်သွားသည်။

ရဲဘော်ဖြူကြီးက မခင်မှီ၏လက်တစ်ဖက်ကို ကိုင်ဆွဲလိုက်သောအခါ မခင်မှီ၏အမေမှာလည်း ကလေးချီရင်း မတ်တတ်ထရပ်လိုက်သည်။

အဒေါ်လည်း လိုက်မယ်

ခင်ဗျား ဘာလိုက်လုပ်မှာလဲ

သြော် သမီးလေးတစ်ယောက်တည်း သိပ်ကြောက်နေမှာစိုးလို့ပါကွယ်

ကြောက်လို့ သေပဲ သေ...သေ၊ ခင်ဗျား မလိုက်နဲ့ ဒါပဲ။ နိုင်ငံရေး ကို ခင်ဗျားက ဘာမှတ်လဲ...

ရဲဘော်ဖြူကြီးက မခင်မှီကို အိမ်ပေါ်ကဆွဲချလာရင်း မခင်မှီ၏အမေကိုလည်း အော်ထားခဲ့သည်။

မခင်မှီ၏အမေမှာ ကျိတ်ငိုပြီး အိမ်၌ပင် ကျန်နေခဲ့ရသည်။

အမေရယ် အမေ၊ ကျွန်မကို ကြည့်နေတော့မှာလား အမေရယ်။ ဘကြီးသော် ဘကြီးသော်၊ သူတို့ ကျွန်မကို မတရား လာဖမ်းကြပါတယ် တော့။ ကယ်ကြပါဦး အရပ်ကတို့ရယ်၊ ဒီလိုပဲ ကြည့်

ဟာ တောက် သေတော့မှာပဲ

ဟေး ဒါ နိုင်ငံရေးဗျ၊ သေချင်ရင် ထွက်ခဲ့ကြစမ်း။ ဘယ်ကောင်လဲကွ ခေါင်းပြူကြည့်တာ၊ အားလုံး မသာဖြစ်ကုန်မယ်နော်။ နိုင်ငံရေးမှာ ဝင်ရှုပ်ရင် တစ်ရွာလုံး ပြာကျသွားမယ်မှတ်၊ တောက်

သူတို့သည် မခင်မှီအား မည်သို့လုပ်လိုက်ကြသည် မသိတော့။

မခင်မှီအသံက တိခနဲ ပြတ်သွားချိန်တွင် ရဲဘော်ဖြူတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ကြိမ်းဝါးသံက ပေါ်လာသည်။ မခင်မှီ၏ မချိတင်ကဲ အော်ဟစ်အကူအညီတောင်းနေသံမှန်း လူတိုင်းသိကြ၊ ကြားကြသော် လည်း အိမ်နီးနားချင်း ရွာသားတွေမှာ မည်သူမျှ ထွက်မလာရဲကြပေ။

ထွက်ရဲကြဖို့ မဆိုထားနှင့်၊ ခေါင်းပင် ပြူမကြည့်ရဲကြ။ ရိုးရိုးသားသား ချောင်းဆိုးချင်သည်ကိုပင် ချောင်းမဆိုးရဲကြ။ အောင့်အည်းမျိုသိပ်ထား ကြရသည်။ ရိုးသားသော တောသူတောင်သားများမှာ မိမိရွာသူအား သနားကြ၊ ကယ်တင်လိုကြသော်လည်း စစ်၏သားကောင်များကိုကြောက် သဖြင့် အသက်ပင် မရှူရဲကြပေ။

သူတို့ကိုမဆိုထားနှင့် မိခင်ကြီး အရင်းခေါက်ခေါက်သည်ပင် သူ့မျက်စိ အောက်၌ သမီးတစ်ယောက်လုံး ဆွဲခေါ်သွားကြသည်ကို မြင်သော်လည်း ကျိတ်၍သာ ငိုကျန်နေရစ်ခဲ့ရသည်။

ဘယ်သူ ဘာမှ မတတ်နိုင်ပေ။

ဆက်လက်ဖော်ပြပါမည်။