မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၏ ၂၀၂၂-၂၀၂၃ ပညာသစ်နှစ် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲ ပြုလုပ်

 

မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၏ ၂၀၂၂-၂၀၂၃ ပညာသစ်နှစ် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၄

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း (အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အောင်ဆန်းသူရိယလှသောင်း ကျောင်းခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊  ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ သီဆိုကပြမှုများကို ကြည့်ရှု အားပေးကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  ဘက်စုံပညာရည်ချွန်ဆု ရရှိသူများ၊ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည် (ဗဟိုအဆင့်) ဆုရရှိသူများ၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်တွင် မြို့တော်ဝန်ဖလားဆုရ ကျောင်းသား/ ကျောင်းသူများ၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)၌ အတီးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် KG တန်းမှ Grade-11 အထိ ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်/ခရိုင်/တိုင်းအဆင့် ထူးခွျန်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် ခွင့်ပျက် ရက်မရှိ ကျောင်းတက်ရက်မှန် ဆုရရှိသော ဆရာ/ဆရာမများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။