မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ကျောင်း ထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက် ဖူးမြော် ကြည် ညိုကြ သည်။

ဉီးစွာ  ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရား ကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို  ပြသသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့က ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူး မြော်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးခဲ့မှုနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ယင်းနောက် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ဘုရားဂေါပက အဖွဲ့တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များနှင့် အခြားသာသနိက အဆောက်အဉီများကို ဆက်လက် ဖူးမြော် လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း        သိရှိရသည်။    

 ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် သံဃာတော်များနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

ဒီကနေ့ကျွန်တော်တို့ဖူးမြင်ရတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ကျွန်တော့်အသက် အခု ၇၀ ကျော်ပါပြီ ဒီအချိန်အထိတစ်ခါမှ ဒီလိုဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မဖူးတွေ့ရသေးပါဘူး။ ဒီရုပ်ပွားတော်မြတ်ကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ လာရောက်ဖူးမြော်ကြည်ညိုကြတဲ့ ဘုရားဖူး ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာလည်းကြည်နူးပီတိတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ နောက် တစ်ခုက ရင်ပြင်တော်ပေါ်ကို ရောက်ရှိလာပြီး ခြေချမိလိုက်တာနဲ့ ရင်ပြင်တော်ပေါ်မှာတည်ဆောက် ထားတဲ့ သာသနိကအဆောက်အဦတွေ၊ မြန်မာမှုအနုပညာလက်ရာတွေ၊ ဗိသုကာ ပညာတွေက တကယ်ဘဲအံ့မခန်းပညာတွေနဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ မြန်မာမှု၊ မြန်မာ့လက်ရာ တွေနဲ့ အခုလိုပုံဖော်ဖန်တီးပြီးတော့ တည်ဆောက်ထားတဲ့အတွက် အံ့ဩရသလိုဝမ်းသာဂုဏ်ယူခြင်း လည်း ဖြစ်မိပါတယ်။ နောင်အခါမှာလည်း ကျွန်တော်တို့လို မြန်မာနိုင်ငံမှာနေကြတဲ့ပုဂ္ဂိုလ်တွေ သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဒီ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ကို တစ်ခါတစ်ခေါက်လောက်ဖြစ်ဖြစ် လာရောက်ဖူးမြော် ကြည်ညိုကြဖို့နဲ့ အသိပညာ၊ အတတ်ပညာတွေကို လေ့လာဖို့ဘဲဖြစ်ဖြစ် လာရောက်ကြပါလို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ် ချင်ပါတယ်။

          ဘုန်းဘုန်းက မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းက ကထိက ဆရာတော်တစ်ပါးပါ။ ဘုရားဒါယကာကြီးအကြီးအကဲတို့ကနေပြီး ဘုန်းဘုန်းတို့ကို  ဒီ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်း ထိမ်းသိမ်းစောင့်ရှောက်ရင်း ဘုန်းဘုန်းတို့ကို ဒီမှာ ရွှေကျောင်းတော်ကြီးမှာ သီတင်းသုံးပြီးတော့  ကုသိုလ်ယူသာသနာပြုဖို့ လျှောက်ထားပါတယ်။ အဲဒီတော့ ဘုန်းဘုန်းဒီမှာသီတင်းသုံးနေတဲ့ အခိုက်အတန့်မှာ ဘုန်းဘုန်းရဲ့သင်တန်းကျောင်းက သင်တန်းသားတွေကို ဘုန်းဘုန်းက လာရောက်ပြီး ဖူးစေချင်တယ်။ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော် ကြည်ညိုရင်းနဲ့ ဘုန်းဘုန်းကိုဖူးရင်းပေါ့။ သူတို့လည်း ဘုန်းဘုန်းတို့ရှိတုန်း၊ ဖူးမြော်ခွင့်ရတုန်း ဖူးမြော်ဖို့ဆိုပြီး အခုလိုစီစဉ်ဆောင်ရွက်ခဲ့တာပါ။ ဒီအတွက် အလွန်ဝမ်းမြောက် ဝမ်းသာ ရှိပါတယ်။ ကမ္ဘာပေါ်မှာလည်းအကြီးဆုံး၊ မြန်မာမှာလည်းအကြီးဆုံး အံ့ဩဖွယ်ရာ ရုပ်ပွားတော်ကြီး ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဒါယကာ၊ ဒါယကာမတွေလည်း ဒီလိုဘဲ အံ့ဩဖွယ်၊ ကြည်ညိုဖွယ် မြန်မာပြည်မှာ သက်တော်ထင်ရှားမြတ်စွာဘုရားတစ်ဆူကြွလာပြီး သီတင်းသုံး နေတယ်လို့ ဘုန်းဘုန်းတို့ အာရုံပြုကြည်ညိုကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်း သံဃာတော်တွေနဲ့ အများပြည်သူကိုလည်း ကြည်ညိုစေချင်တဲ့အတွက် အခုလိုလာရောက် ဖူးမြော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။ သူတော်စင်အပေါင်းတို့လည်း လာရောက် ပြီးတော့ စိတ်ချမ်းသာလက်ချမ်းသာ ဖူးမြော်နိုင်ပါတယ်။ အဲဒီလိုဖူးမြော်နိုင်ဖို့အတွက်လည်း ဒီမှာရှိတဲ့ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက် ပေးထားတဲ့အတွက် လာရောက်ပြီး ဖူးမြော်ကြည်ညိုကြပါလို့ ဘုန်းဘုန်းအနေနဲ့ မိန့်ကြားအပ်ပါ တယ်။

          ကျွန်တော်တို့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီပေးမှု၊  မြို့နယ်မှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ကူညီပေးမှုတို့ကြောင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရ တဲ့အတွက် အင်မတန်ကြည်နူးပြီး ရင်ထဲမှာလည်းတလှပ်လှပ်နဲ့ ခံစားရပါတယ်။ အနယ်နယ် အရပ်ရပ်က ပြည်သူတွေကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကြည်ညိုကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။